MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

အမြင့်ပျံငှက်တို့၏ တောင်ပံခတ်သံများ ( ၂ )

လေကြောင်းလိုင်းများ၏ ၀ိသေသလက္ခဏာများ
အစိုးရ၏ပါဝင်ပတ်သက်မှု

လေကြောင်းလိုင်းများ၏ ထူးခြားချက်မှာ အစိုးရ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာမြင့်မားခြင်းပင် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာခရီးစဉ်များတွင် ပိုမိုများပြားသည်။ အစိုးရပါဝင်ပတ်သက်ရခြင်း၏ အကြောင်းရင်းခံများမှာ မျိုးချစ်စိတ်ဓါတ်ကိုအခြေခံခြင်း၊ ပြေးဆွဲသည့် ခရီးစဉ်၏ မဟာဗျူဟာမြောက် အရေးပါမှု (စီးပွားရေးနှင့်အမျိုးသားလုံခြုံရေးရှုထောင့်မှနေ၍) နှင့်ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးတို့ အတွက် ဖြစ်သည်။ ပထမဦးဆုံးအကြောင်းရင်းမှာ အစိုးရများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ အလံတင်လေကြောင်းလိုင်း ( Flag Carrier ) ရှိခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်သည်ဟု ခံယူကြခြင်းကြောင့် ဖြစ်သည်။ ထို့ပြင်လည်း အစိုးရအဖွဲ့အများစုအနေဖြင့် လေကြောင်းသယ်ယူပို့ဆောင် ရေးသည် နိုင်ငံနှင့်စီးပွားရေးပုံမှန်လည်ပတ်နိုင်ရေးအတွက် သို့မဟုတ် အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ် ဟု ခံယူထားကြသည်။ နောက်ဆုံးအနေဖြင့် လေယာဉ်တစ်စီးသည်ပင်လျှင် ခရီးသည်ရာနှင့်ချီ၍ သယ်ယူ ပေးနိုင်သည်ဖြစ်ရာ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်များ အားနည်း ခြင်း စသည်အကြောင်းအချက်များကြောင့် ခရီးသည်များ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် အမေရိကန်နိုင်ငံရှိ Federal Aviation Administration ကဲ့သို့အဖွဲ့အစည်းများမှနေပြီး လေကြောင်းလိုင်း လုပ်ငန်းများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ မူဝါဒများ ချမှတ်ပေးပြီး လေကြောင်းလိုင်းများအနေဖြင့် လိုက်နာဆောင်ရွက်မှုရှိမရှိ ကြီးကြပ်ကွပ်ကဲပေးလျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင် အစိုးရ၏ပါဝင်ပတ်သက်မှုမှာ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သည်။ Open Sky Agreements ရေးထိုးထားပြီး ယင်းအတိုင်းလိုက်နာကျင့်သုံးသောနိုင်ငံများမှ လွဲ၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့် ပျံသန်းကြိမ်နှုန်းများကို မိခင်နိုင်ငံနှင့် ဆင်းသက်မည့်နိုင်ငံ၏ အစိုးရတို့မှ အတည်ပြုချက် ရရှိထားရန် လိုအပ်သည်။
နိုင်ငံခြားဈေးကွက်ထဲတွင် လေကြောင်းလိုင်းတခုအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်ခွင့်ရှိသည်။ မည်သည်တို့ကို ဆောင်ရွက်ခွင့်မရှိခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုဆိုင်ရာ အမျိုးအစားခွဲခြားမှု ( Categorization of Freedoms ) က ဆုံးဖြတ်ပေးသည်။
(ဇယား 3.2 ကိုကြည့်ပါ)

Freedom Implication

1st Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံအတွင်း ဆင်းသက်ခြင်း ( Landing ) မပြုဘဲ ဖြတ်ကျော်ပျံသန်းနိုင်ခွင့်

2nd Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတခုသို့ သွားရောက်သည့်ခရီး စဉ်တွင်ခရီးသည် သယ်ယူပို့ဆောင်ရန်အတွက် မဟုတ်ဘဲ ဆင်းသက်ခွင့် ( ဥပမာ ပြင်ဆင်ထိန်းသိမ်းခြင်း၊ လေယာဉ်ဆီဖြည့်ခြင်းစသည့် ကိစ္စရပ်များအတွက် )

3rd Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် ယင်းမှတ်ပုံတင်ထားသော နိုင်ငံမှာအခြား သော နိုင်ငံတစ်နိုင်ငံသို့ ခရီးသည်သယ်ယူပို့ဆောင်ခွင့်

4th Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံမှ ခရီးသည်အား ယင်းမှတ်ပုံတင်ထားသော နိုင်ငံသို့ သယ်ယူပို့ဆောင်ခွင့်
5th Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် ယင်းမှတ်ပုံတင်ထားသော နိုင်ငံမဟုတ်သော အခြားနိုင်ငံနှစ်နိုင်ငံအကြား ခရီးသည်သယ်ယူပို့ဆောင်ခွင့် (သို့ရာတွင် လေယာဉ်ခရီး စဉ်သည် မှတ်ပုံတင်ထားသည့် နိုင်ငံတွင်စတင်ခြင်းသို့မဟုတ် အဆုံးသတ်ခြင်း ဖြစ်ရ မည်။

6th Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံများအကြား မှတ်ပုံတင်ထားသော နိုင်ငံမှတဆင့် ခရီးသည်သယ်ယူပို့ဆောင်ခွင့်၊ 3rd Freedom နှင့် 4th Freedom ကို ပေါင်းစည်းထားခြင်းဖြစ်သည်။

7th Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် မိခင်နိုင်ငံ၏ပြည်ပတွင် Stand Alone Services ကို အပြည့်အ၀ ဆောင်ရွက်ပိုင်ခွင့်နှင့် အခြားနိုင်ငံနှစ်နိုင်ငံအကြား ခရီးသည် သယ်ယူပို့ဆောင်ပိုင်ခွင့်

8th Freedom

နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ နယ်နမိတ်အတွင်းရှိ နေရာနှစ်ခုအကြား ခရီးသည်သယ်ယူပို့ဆောင်ခွင့်

လေကြောင်းလိုင်းများအား ပြေးဆွဲမည့်လမ်းကြောင်းရွေးချယ်ခြင်းနှင့် ပျံသန်းကြိမ်ရေကိုကန့်သတ်သည့် စည်းမျဉ်းစည်းကမ်းများလည်းရှိသည်။ ၁၉၉၀ ခုနှစ်မတိုင်မီတွင် စင်္ကာပူ လေကြောင်းလိုင်းအနေဖြင့် စင်္ကာပူမှနေ၍ Kota Kinabalu နှင့် Kuching ( အရှေ့မလေးရှားရှိ ) သို့ ပျံသန်းခွင့် နှစ်ပေါင်းများစွာ မရရှိခဲ့ပါ။ ခရီးသည်အစီးအများဆုံးဖြစ်သော ဟောင်ကောင်-လန်ဒန် ( ဟိသရိုးလေဆိပ် ) လမ်းကြောင်းတွင်ပျံသန်းပြေးဆွဲခွင့်ရသော လေကြောင်းလိုင်းဟူ၍ Cathay Pacific, Brithis Airways & Virgin Atlantic ဟူ၍လေကြောင်းလိုင်း ( ၃ ) ခုသာရှိခဲ့သည်။ SIA အနေဖြင့် စင်္ကာပူမှ သြစတေးလျသို့ တစ်ပတ်လျှင် အကြိမ် ၈၀ခန့် အထိ ပျံသန်းပြေးဆွဲသော်လည်း သြစတေးလျနိုင်ငံထဲတွင်ပင် ခရီးစဉ်ပြီးဆုံးခဲ့ရပြီး အမေရိကန်နိုင်ငံသို့ ဆက်လက်ပျံသန်းပြေးဆွဲခွင့်မရရှိခဲ့ပါ။ (ယင်းပျံသန်းခွင့်ရရှိအောင် သြစတေးလျအစိုးရထံ အကြိမ်ပေါင်းများစွာတင်ပြပြီးကြိုးစားခဲ့သော်လည်း) Australia – United State လမ်းကြောင်းတွင် Market Share ၇၅% ရှိထားပြီး ယင်းလမ်း ကြောင်းမှနေ၍ အမြတ်အစွန်း ( ၄၀ % ) အထိရရှိနေသော Qantas မှယင်းသို့ ပျံသန်းခွင့်မရရှိစေရန် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။
ဒေသဆိုင်ရာအစိုးရများအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ရာနှုန်းပြည့်ပိုင်ဆိုင်မှု မပေးရုံသာမက လေကြောင်းလိုင်းရှယ်ယာများဝယ်ယူခွင့်ကိုပါ ကန့်သတ်ခဲ့သည်။ သာဓကအနေဖြင့် အမေရိကန်နိုင်ငံသားမဟုတ်သောရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်လေကြောင်းလိုင်းများ၏ မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ ၂၅%ထက် ပိုမို၍ ပိုင်ဆိုင်ခွင့်မရှိပါ။ ယင်းရာခိုင်နှုန်းအား ကနေဒါ တွင် ၃၁%၊ EU တွင် ၄၉% ဟုသတ်မှတ်ထားသည်။ အမေရိကန်အဲလိုင်း ( American Airline ) ကိုပိုင်ဆိုင်သော AMR ကော်ပိုရေးရှင်းအနေ ဖြင့် Canadan Airline ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ကို အပြည့်အ၀ ပေးရသော်လည်း ကနေဒါ၏ Foreign Ownership Law ကို ချိုးဖောက်သဖြင့် Quebec တရားရုံးမှ ပြန်လည်ရောင်းချပိုင်ခွင့် မရှိဟု သတ်မှတ်ခဲ့သည်။
ထို့ပြင် လေကြောင်းလိုင်းတစ်လိုင်း၏ မြေပြင်ဆင်းသက်ခွင့် ( Landing Right ) နှင့်အခြားအခွင့်အရေးများသည် မည်သည့်လေကြောင်းလိုင်းဖြစ်သည်ဆိုခြင်းထက် လေကြောင်းလိုင်းကို ပိုင်ဆိုင်သည့် နိုင်ငံအပေါ်တွင် အဓိကမူတည်သည်။ ယင်းအချက်ပေါ်တွင် အခြေခံပြီးမှသာ ဝေဟင်ပိုင်နက် အသုံးပြုခွင့်နှင့် Acquisition များ သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် တိုင်းပြည် ( A ) သည် တိုင်းပြည် ( B )မှ လေကြောင်းလိုင်းကိုဝယ်ယူလိုက်မည်ဆိုပါကတိုင်းပြည် ( B )မှလေကြောင်းလိုင်း၏ Landing rights ကို ပိုင်ဆိုင်သည့် နိုင်ငံပြောင်းလဲခြင်းကြောင့် ဆုံးရှုံးသွားမည်ဖြစ်သည်။ ယင်းကဲ့သို့သော အခြေအနေသည် ဤလုပ်ငန်း၏ over-capacity ဖြစ်နေမှုနှင့် ပိုမိုကောင်းမွန်သော Yield Level တစ်ခုရောက်စေရန်အတွက် လိုအပ်ချက်ဖြစ်သော ဤလေကြောင်းလိုင်း Industry ၏ ပေါင်းစည်းခြင်း ( Consolidation )နှင့် Ralionalization များအပေါ် ကန့်သတ်မှုများ ဖြစ်ပေါ်စေသည်။ ယင်းကဲ့သို့သော ကန့်သတ်ချက်များကြောင့်လည်း ဈေးကွက်ထိုးဖောက်ရေးနှင့် လုပ်ငန်းကြီးထွားလာရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးနည်းမျိုးစုံကို အသုံးချရန်ဖြစ်ပေါ်လာခဲ့သည်။
အတိတ်ကာလများက အစိုးရများသည် အရှုံးပေါ်နေသော လေကြောင်းလိုင်းများကို အထောက် အပံ့များပေးပြီး ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။ ယင်းသို့အစိုးရ၏ ပံ့ပိုးကူညီမှုများတွင် ဥရောပတွင် လေကြောင်းလိုင်း (၈)လိုင်းအတွက် ဆောင်ရွက်ခဲ့ဖူးပြီး ၁၉၉၀ ခုနှစ်တွင် ပေးအပ်ခဲ့သော အကူအညီ ပမာဏသည် အမေရိကန်ဒေါ်လာ ၁.၅၁၁ ဘီလီယံအထိရှိခဲ့သည်။
မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: