MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆ )

( ဈ ) ဝန်ထမ်းလက်စွဲစာအုပ် ( Employee Handbook )
ကိုယ့်ကုမ္ပဏီ ၊ အဖွဲ့အစည်းအကြောင်းလဲ အတော်အသင့်သိပြီ၊ လက်ရှိအနေအထားတော်တော် များများကိုလည်းသိပြီဆိုပါတော့။ ဘာကစပြီး လုပ်ကြမှာလဲ။ ပထမဦးဆုံးစပြီး လုပ်သင့်တာကတော့ Employee Handbook စဆွဲဖို့ပါဘဲ။ Employee Handbook ဟာ ကုမ္ပဏီနဲ့ဝန်ထမ်းကြားက ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ဝန်ထမ်းတွေဘက်က တာဝန်ယူဆောင်ရွက်ပေးရမယ့်အပိုင်း တွေ၊ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဖော်ပြထားရမှာဖြစ်ပါတယ်။ အဲဒီတော့မှလဲ ဝန်ထမ်းတွေ အနေနဲ့ ကုမ္ပဏီမှာရှိတဲ့ အခြားအခြားသော ဝန်ထမ်းတွေနဲ့အတူတူ သာတူညီမျှမှုရရှိတယ်လို့ ခံစားရစေ မှာ ဖြစ်ပါတယ်။
Employee Handbook က ကုမ္ပဏီတစ်ခုအတွက် အင်မတန်ကိုအရေးကြီးထဲ့ အခန်းကဏ္ဍမှာ ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Employee Handbook အထဲမှာ ကုမ္ပဏီက တာဝန်ယူမှုတွေနဲ့ ဝန် ထမ်းတွေရဲ့ရပိုင်ခွင့်တွေ၊ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ၊ တဘက်နဲ့တဘက်ထားရှိရမယ့်ကတိ ကဝတ် တွေ၊ Commitment တွေ ပါဝင်နေလို့ပါ။
ဒီနေရာမှာ သတိချပ်ဖို့တစ်ခုက Employee Handbook မရှိရင် ဘာအခက်အခဲတွေရှိလာနိုင်သ လဲ သိဖို့လိုပါတယ်။ ဝန်ထမ်းတွေအားလုံးဟာ ကုမ္ပဏီ ( ဒါမှမဟုတ် ) အဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်း ဆောင်တဲ့အခါသူတို့ရဲ့အဓိကလိုအပ်ချက်က စီမံအုပ်ချုပ်တဲ့သူတွေရဲ့ တရားမျှတမှုဖြစ်ပါတယ်။ ခွင့်ယူတာ ပဲ ဖြစ်ဖြစ်၊ အခွင့်အရေးတစ်ခုခုရတာပဲဖြစ်ဖြစ်၊ အပြစ်ပေးအရေးယူခံရတာပဲဖြစ်ဖြစ် အားလုံးနဲ့တန်းတူပဲ ဖြစ်ချင်ကြပါတယ်။ တကယ်လို့ စီမံခန့်ခွဲတဲ့သူတွေက ဒီလူကတော့ဖြင့် လုပ်ငန်းရှင်နဲ့ ဘယ်လိုပတ်သက် လို့၊ သူကဘာမို့လို့ဆိုတဲ့ အကြောင်းအချက်တွေကို ထောက်ထားပြီး အဂတိလိုက်စားတယ်ပဲပြောပြော၊ ဘက်လိုက်တယ်ပဲပြောပြော မမျှမတဆုံးဖြတ်ခဲ့ရင် ဝန်ထမ်းတွေရဲ့မကျေနပ်မှုတွေပဲ ရရှိလာမှာအမှန်ပါပဲ။ ဥပမာ သာမန်ဝန်ထမ်းတစ်ယောက် ရုံးပျက်ပြီးခွင့်မတိုင်ရင် အဆူခံရ ၊ လစာအဖြတ်ခံရပြီး လုပ်ငန်းရှင်ရဲ့ အမျိုးခွင့်မတိုင်ရင် အရေးမယူတာမျိုးပေါ့။ မန်နေဂျာတွေက အားလုံးအတူတူပဲဆိုပြီးဆုံးဖြတ်လိုက်ပြန်ရင် လဲ ( တကယ်တော့ အဲဒီလိုဘဲလုပ်ရမှာဖြစ်ပေမယ့် ) လုပ်ငန်းရှင်ရဲ့ငြိုငြင်မှုခံရမှာကို စိုးရိမ်ကြမှာဓမ္မတာပါ။ အရာအားလုံးကို ဖြစ်ပျက်တဲ့အကြောင်းခြင်းရာပေါ်မူတည်ပြီး တခုချင်းလိုက်ဆုံးဖြတ်နေရင် ကျွန်တော်တို့ ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ပုံပြင်လေးထဲကလို စာကလေးတကောင်လာလိုက် စပါးစေ့တစေ့ချီသွား လိုက်နဲ့ Never Ending Story ပြောပြနေသလိုပဲ ဖြစ်နေတော့မှာပါ။ အဲဒီတော့ Employee Handbook ရှိ တယ်ဆိုရင် ဒီစာအုပ်၊ ဒီ စည်းကမ်းစည်းမျဉ်းအရ အားလုံးကို တပြေးညီဆောင်ရွက်ဖို့မခက်တော့ဘူးပေါ့။ အငြိုငြင်ခံရမှာလဲ မစိုးရိမ်ရတော့ဘူးပေါ့။
တခုသတိထပ်ပြီးပေးချင်ပါတယ်။ Employee Handbook ဆိုတာ Management Level က လူ တွေပဲလက်ထဲမှာကိုင်ထားတာ၊ သိနေရတာမဟုတ်ဘဲ လိုက်နာဆောင်ရွက်ရမယ့် ဝန်ထမ်းတွေအားလုံးသိ အောင် လုပ်ထားဖို့လိုတယ်ဆိုတဲ့အချက်ပါ။ ဖြစ်နိုင်ရင် ဝန်ထမ်းအသစ်တစ်ဦး အလုပ်စဝင်ကတည်းက ပေးထားသင့်တဲ့စာအုပ်ဖြစ်ပြီး အနည်းဆုံးတော့ တစ်ခေါက်စီဖတ်ပြီးသားဖြစ်သင့်ပါတယ်။
ကဲအဲဒီတော့၊ Employee Handbook စပြီးရေးပါပြီတဲ့။ ဘာကစရေးမှာလဲ။ ဘာအချက်တွေပါရမှာ လဲ ကြည့်ရအောင်ပါ။
မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: