MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ကုမ္ပဏီတွင်းထိန်းချုပ်ကွပ်ကဲခြင်း ( ၂ )

( ၁ ) Help Yourself
Help Yourself ဆိုတာကတော့မိမိကိုယ်တိုင်က ကြိုတင်ကာကွယ်တဲ့အစီအမံတွေလုပ်ထားဖို့အား နည်းတဲ့အခါ ဖြစ်ပေါ်တတ်တာကိုဆိုလိုတာပါ။ တစ်ခါတစ်လေ ကုမ္ပဏီတွေမှာ Internal Control တွေ၊ လုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေသိပ်ပြီးလျော့ရဲတဲ့အခါ ကုမ္ပဏီက ပိုက်ဆံတွေ၊ ပစ္စည်းတွေကို ဒီအတိုင်းထုတ်သွား တာတောင် ဘယ်သူမှမသိလိုက်ကြပါဘူး။ အဲဒီလိုဖြစ်စဉ်တွေကိုကျွန်တော်တို့ သေချာမထိန်းချုပ်နိုင်ဘူးဆိုရင် တော့ မလွယ်ပါဘူး။
ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဆောင်ရွက်သင့်တာကတော့ ကုမ္ပဏီမှာရှိတဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို သီးခြားစနစ်တစ်ခုနဲ့ ထိန်းထားဖို့ပါ။ ဥပမာ စီမံဌာနကို Fixed Asset စာရင်းပြုစုခိုင်းတာ ၊ စတိုကို ကုန်ပစ္စည်းလယ်ဂျာတွေ၊ ဘင်းကဒ်တွေနဲ့ စနစ်တကျထားခိုင်းတာမျိုးပါ။ အထူးသဖြင့် လက်ဝတ်ရတနာတွေ အ ရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းတွေဆိုရင်သေချာသော့ခတ်သိမ်းပြီး သော့ကိုလဲ ကိုယ်ကိုယ်တိုင်ပဲ သိမ်းထားသင့်ပါ တယ်။ ဒါမှမဟုတ်လုံးဝစိတ်ချရတဲ့သူကိုပဲ သီိးသန့်တာဝန်ပေးပြီးခိုင်းတာမျိုး လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ တန်ဖိုးကြီးပစ္စည်းထားတဲ့အခန်းကို ဝင်ခွင့်ရှိတဲ့သူတွေဝင်တဲ့အခါ တစ်ယောက်ချင်းပေးထားတဲ့ Security နံပါတ် တွေနဲ့ ဝင်ချိန်၊ ထွက်ချိန်တွေမှတ်နိုင်တဲ့ စနစ်တွေပါတဲ့ Electronic နည်းပညာသုံးသင့်ပါတယ်။ ပစ္စည်းတွေ အထုတ်အသွင်းလုပ်တိုင်း၊ ဘယ်အချိန်မှာ ထုတ်တာလဲ၊ ဘာအတွက်ထုတ်တာလဲ၊ ဘယ်သူတွေထုတ်သွားတာလဲ မှတ်ထားနိုင်တဲ့စနစ်တွေကို သုံးရပါမယ်။
ရုံးမှာ Card Key တွေသုံးနိုင်ရင်တော့အကောင်းဆုံးပါ။ အကုန်အကျလဲ သိပ်မများလှပါဘူး။ ဘယ်သူတွေ ဘယ်အချိန်မှာဝင်သလဲ၊ ထွက်သလဲအတိအကျသိနိုင်ပါလိမ့်မယ်၊ အဲဒီ့ Card Key တွေကို မလိုတဲ့လူတွေကိုပေးမ ထားသင့်ပါဘူး၊ ပြီးတော့ဖြစ်နိုင်ရင် ရုံးမှာဝင်ပေါက်တစ်ပေါက်တည်းကပဲ အဝင်အထွက်လုပ်စေသင့်ပါတယ်။ အဲ ဒါဆိုရင်တော့ ဘယ်သူမှ မသိအောင်နောက်ပေါက်ကထွက်သွားလို့မရတော့ပါဘူး။
တစ်ခါတစ်လေမဟုတ်တာလုပ်တဲ့တစ်ချို့သူတွေကပစ္စည်းတွေကိုယူပြီး ရုံးပြင်ကအမှိုက်ပုံးထဲပစ် ထည့်ထားတတ်ပါတယ်။ ပြီးမှအေးအေးဆေးဆေးပြန်လာယူတာမျိုးလဲလုပ်တတ်ပါတယ်။
ပြီးတော့ဂိုဒေါင်ထဲကသိုလှောင်ပစ္စည်းတွေကိုပုံမှန်စစ်ရဲ့လား။ ပစ္စည်းတွေဂိုဒေါင်ထဲက လျော့နေပြီ ဆိုရင်တော့ မဟုတ်တာလုပ်တဲ့သူတစ်ယောက်ရှိနေပြီဆိုတာသေချာပါတယ်။
ဂိုဒေါင်ထဲကပစ္စည်းတွေကို ပုံမှန် ( ၆ ) လတစ်ခါလောက် စာရင်းပြန်ကောက်တာလုပ်သင့်ပါတယ်၊ လယ်ဂျာစာရင်း နဲ့ ဂိုဒေါင်လက်ကျန် ပြန်တိုက်ကြည့်ရပါမယ်။ အကုန်လုံး စစ်စရာမလိုပါဘူး၊ တန်ဖိုးကြီးတဲ့ အရေး ကြီးတဲ့အမျိုးအမည်တွေကိုပဲ ရွေးစစ်ရင်ရပါတယ်။ အရေးကြီးတာက ပုံမှန်စစ်ရမှာဆိုပေမယ့် ဘယ်တော့လာစစ် မယ်၊ ပုံမှန် ဘယ်အချိန်မှာ စစ်မယ်ဆိုတာတော့ ကြိုမပြောသင့်ပါဘူး။
လုပ်ငန်းကြီးလုပ်နေတဲ့သူတွေအနေနဲ့ပုံသေပိုင်ပစ္စည်းစာရင်း (Fixed Asset List ) ထားရပါမယ်။ ပုံသေပိုင်ဆိုတာ ရုံးမှာအသုံးပြုနေပြီး သက်တမ်း ( ၁ ) နှစ်နဲ့အထက်ရှိတဲ့ ပစ္စည်းတွေကို ပြောတာပါ၊ တစ်ခုရှိ တာက၊ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ပုံသေပိုင်သတ်မှတ်တာချင်း မတူတတ်ပါဘူး။ တစ်ချို့က တန်ဖိုးတစ်ခုကိုအခြေခံပြီး တန်ဖိုးဘယ်လောက်နဲ့အထက်က ပုံသေပိုင်၊ ဘယ်လောက်အောက်ဆိုရင်ပုံသေပိုင်မဟုတ်ဖူးလို့ သတ်မှတ်ကြပါ တယ်။ တစ်ချို့ကျတော့လဲ အသုံးပြုနိုင်တဲ့သက်တမ်းကိုအခြေခံပြီး သတ်မှတ်ကြပါတယ်။ ဒုတိယ နည်းက ပိုပြီးမှန် တယ်လို့ ယူဆပါတယ်။ အဓိကကတော့ မိမိဆီကစာရင်းကိုင်နဲ့ညှိဖို့လိုပါတယ်။ ဥပမာရုံးက မိတ္တူကူးစက်တို့ ကွန်ပျူတာတို့တွေကပုံသေပိုင်ပစ္စည်းတွေပါ။
ပုံသေပိုင်ပစ္စည်းစာရင်းရှိတော့ဘာအကျိုးရှိမှာလဲလို့မေးစရာရှိပါတယ်။ ပုံသေပိုင်ပစ္စည်း စာရင်းရှိခြင်းအား ဖြင့် Financial Statement တွေ၊ အရှုံးအမြတ်စာရင်းတွေ ရေးဆွဲတဲ့အခါပိုမိုလွယ်ကူစေပါတယ်။ နောက်ပြီး အ ပြောင်းအရွှေ့ပြုလုပ်ရတဲ့အခါ ပျောက်ဆုံးပျက်စီးမှုနည်းပါးစေပါတယ်။
မင်းခေါင် ( EMPA – 8 )

1 Comment

  1. Swe Swe Aung

    Sound good

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: