MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ကုမ္ပဏီတွင်းထိန်းချုပ်ကွပ်ကဲခြင်း ( ၆ )

( ၆ ) Purchasing Goods for Personal Use with Company Fund
နောက်တစ်ခုရှိပါသေးတယ်၊ တစ်ခါတစ်လေကျ Personal သုံးဖို့ကို ကုမ္ပဏီပိုက်ဆံနဲ့ ဝယ်တာမျိုး တွေလဲ တွေ့ရပါတယ်။ အဲဒါကိုကာကွယ်နိုင်အောင်ကတော့ကုမ္ပဏီက ပစ္စည်းတစ်ခုခုဝယ်လိုက်လို့ ငွေပေးရမယ်ဆိုတဲ့ အခါတိုင်း ကုမ္ပဏီက ပစ္စည်းလက်ခံတဲ့ဝန်ထမ်းတစ်ဦးရဲ့လက်မှတ်ရယ်၊ ငွေတောင်းခံလွှာရယ် တိုက်ကြည့်ဖို့လိုပါ လိမ့်မယ်။ ကုမ္ပဏီက ပစ္စည်းဝယ်ယူခွင့် Purchase Order ကို ဘယ်သူက လက်မှတ်ထိုးပေးထားသလဲဆိုတာရယ်။ ငွေပေးဖို့ လက်မှတ်ထိုးပေးထားတာကကော ဘယ်သူလဲဆိုတာအရေးကြီးပါတယ်။ Purchase Order လက်မှတ် ထိုးတဲ့လူရယ်၊ Payment ကို အတည်ပြုတဲ့လူရယ် တစ်ယောက်စီဖြစ်ဖို့လိုအပ်ပါတယ်၊ အဲဒီတော့မှ လက်မှတ်ထိုး ပေးတဲ့လူက ဒီပစ္စည်းဘာအတွက်ဝယ်တာလဲ စစ်ပြီးသားဖြစ်မှာပါ။ များသောအားဖြင့် စာရေးကိရိယာတွေဝယ်ရင်၊ Memory Stick လိုဟာမျိုးဝယ်ရင် ဖြစ်တတ်ပါတယ်။ အသုံးစရိတ်တွေကို ဘယ်သူစာရင်းသွင်းသလဲဆိုတာလဲ သိထားရပါမယ်။ စာရင်းဌာနကိုလဲလုပ်ငန်းတစ်ခုချင်းအတွက် ဘတ်ဂျက်သတ်မှတ်ပေးထားသင့်ပါတယ်။ အဲဒီလို သတ်မှတ်ပေးထားမယ်ဆိုရင်တော့မဆီလျှော်တဲ့အသုံး စရိတ်တစ်ခုတက်လာတာနဲ့ချက်ခြင်းသိနိုင်ပါလိမ့်မယ်။
စာရင်းကိုင်ဆီက ပေးရန်ရှိစာရင်းတွေ ဘယ်သူတွေကို ပေးရန်ရှိသလဲလို့ တောင်းကြည့်ဖို့လိုအပ်ပါတယ်။ ပြီးဝယ်ထားတဲ့ပစ္စည်းတွေ ဘယ်ရောက်သွားလဲသိဖို့လိုအပ်ပါလိမ့်မယ်။ အလုပ်သဘောသဘာဝကိုမူတည်ပြီး ကျွန်တော်တို့ဆီက ပစ္စည်းတွေပို့လိုက်တိုင်း၊ ဒါမှမဟုတ်ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေလက်ခံလိုက်တိုင်း သေချာ စစ်ဆေးစောင့်ကြည့်ဖို့လိုလိမ့်မယ်။
( ၇ ) Data Manipulation
Data Manipulation ဆိုတာ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ဘယ်လိုပဲထိန်းထားထိန်းထား၊ ကိန်း ဂဏန်းအပြောင်းအလဲကလေးလုပ်လိုက်ရုံနဲ့ ပိုက်ဆံတွေအများကြီးပါသွားလိမ့်မယ်။ ဥပမာကျွန်တော်တို့ကုမ္ပဏီက သိန်း ( ၁၁ဝ ) ဖိုး ရောင်းရတာကို သိန်း ( ၁ဝဝ ) ဖိုးရောင်းရတယ်လို့ စာရင်းလေးပြောင်းလိုက်တာနဲ့ ( ၁ဝ ) သိန်း လောက် အသာလေးအိတ်ထဲထည့်သွားတာမျိုးပေါ့။ ဖြစ်နိုင်ရင်တော့ ငွေပေးငွေယူလုပ်တဲ့နေရာကို CCTV နဲ့ စောင့်ကြည့်နိုင်ရင်တော့ အကောင်းဆုံးပါ။
တစ်ခါတစ်လေကျ တချို့တွေက အရောင်းပမာဏထက် အရောင်းစာရင်းတွေ ပိုပြီးပြတတ်ကြပါတယ်။ ပြီးမှ ကျွန်တော်တို့ဆီကရမယ့် အရောင်းကော်မရှင်တွေ သူတို့က ထုတ်သွားတတ်ပါတယ်။ ကျွန်တော်တို့ဆီက စာရင်း ဇယားတွေအကုန်လုံး အရင်ကပြောခဲ့သလို ပုံမှန်လေးတလတစ်ခါလောက် External Audit တယောက်ခေါ်ပြီး စစ်ခိုင်းသင့်တယ်။
ပြီးတော့ဝန်ထမ်းတွေ လစာတိုးပေးရင် ဘယ်သူ့ခွင့်ပြုချက်နဲ့ တိုးပေးသလဲ။ တစ်ခါတစ်လေကျ ကျွန် တော်တို့တောင်မသိလိုက်ဘဲ လစာတိုးပေးလိုက်တာမျိုးတွေရှိတတ်ပါတယ်။ Pay Roll ကို သေသေချာချာ စစ်ပေး ရုံနဲ့ အဲဒီလိုမဖြစ်အောင်ထိန်းနိုင်ပါတယ်၊ ဖြစ်နိုင်ရင် PayRoll တင်ခိုင်းတဲ့အခါ လက်ရှိလစာနဲ့အတူ အရင်လအ တွက် Pay Roll ကိုပါတွဲပြီးတင်ခိုင်းသင့်ပါတယ်။ ပြီးတော့ အထောက်အထားမရှိတဲ့ အသုံးစရိတ်တွေကို သေချာ စစ်ဆေးရပါမယ်။
ခုနကပြောသလိုမျိုး လခတိုးမပေးဘဲ သူတို့ဘာသာသူတို့ စာရင်းထဲမှာ လခတွေတိုးယူနေတာတွေဖြစ် ခဲ့ မယ်ဆိုရင် ဆုံးရှုံးမှုကများပါတယ်။ကျွန်တော်တို့ဆီမှာအဲဒီလိုမဖြစ်ဘူးလို့ အခိုင်အမာငြင်းရဲမယ်မထင်ပါဘူး
နောက်ပြီး အလုပ်ထဲမှာအလုပ်လုပ်ရင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ဝန်ထမ်းတွေကို ဆေးကုပေးဖို့က ကုမ္ပဏီရဲ့ တာဝန်ဖြစ်တဲ့အတွက် အဲဒီလိုဆောင်ရွက်ပေးတဲ့အခါမှာ ကျသင့်တဲ့ကုန်ကျစရိတ်ထက်ပိုတောင်းတဲ့ အဖြစ်မျိုး တွေလဲရှိတတ်ပါတယ်။
ဥပမာ – ဖြစ်တာထက်ပိုပြောတာမျိုး၊ နည်းနည်းပဲထိတာကို သေလုမျောပါးဖြစ်တဲ့ပုံစံမျိုး ၊ နောက်ပြီး ကိုယ့် ရဲ့ပေါ့ဆမှုကြောင့် ဖြစ်တာကိုလုပ်ငန်းခွင်အားနည်းချက်ကြောင့်လို့ပြောတာ၊ လုပ်ငန်းခွင်ထဲမှာမဖြစ်တဲ့ဒဏ်ရာကို လုပ်ငန်းခွင်ထဲမှာဖြစ်တဲ့ပုံစံမျိုး ဟန်ဆောင်တာ။ နဂိုကတည်းက ရှိပြီးသားရောဂါကိုမပြောဘဲ လုပ်ငန်းခွင်ထဲရောက် တော့မှဖြစ်တဲ့ပုံစံမျိုးဟန်ဆောင်တာတွေရှိတတ်ပါတယ်။ ဖြစ်နိုင်ရင် lnjury Reporting System တင်ပြခိုင်းတာမျိုး လုပ်သင့်ပါတယ်။
မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: