MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ကုမ္ပဏီတွင်းထိန်းချုပ်ကွပ်ကဲခြင်း ( ၈ )

အဲဒီအလွဲသုံးစားလုပ်တဲ့ကိစ္စကို ကျွန်တော်တို့သိနိုင်တာက အဲဒီလိုအလွဲသုံးစားလုပ်နေတာကို သိနေတဲ့ မကျေနပ်တဲ့ လူတွေက လာပြောတာမျိုးတွေ ရှိပါတယ်။ အဲဒီလိုလူတွေကို Whistle Blower လို့ခေါ်ပါတယ်။ ကုမ္ပ ဏီမှာ ဝန်ထမ်းအားလုံးသတင်းပို့နိုင်ဖို့အတွက် Suggestion Box လိုဟာမျိုးစီစဉ်ပေးထားသင့်ပါတယ်။ အဲဒီမှာလဲ ပြဿနာတစ်ခုရှိပါတယ်။ တစ်ချို့ကုမ္ပဏီတွေက Suggestion Box ကို လူမြင်ကွင်းမှာထားတတ်တယ်၊ အလွယ်တ ကူထည့်နိုင်အောင်ဆိုပြီးတော့။ ဒါပေမယ့်အဲဒီ Suggestion Box ကို စာထည့်ဖို့ကျတော့ တော်ရုံတန်ရုံလူက မ ထည့်ရဲတော့ဘူး။ တကယ်တမ်းတော့ Suggestion Box လိုဟာမျိုးကို အိမ်သာထဲမှာထားတာ အကောင်းဆုံးပါ၊ ထည့်တဲ့လူကလဲထည့်ရဲတယ်။ အဲဒီတော့မှလဲကျွန်တော်တို့သိနိုင်မှာပါ။ သူတို့မထည့်ရဲရင် Suggestion Box ကလဲ အလကားပါပဲ။ပြီးရင် အဲဒီလိုအလွဲသုံးစားမှုတွေနဲ့ပတ်သက်ရင် ဘယ်လိုထိထိရောက်ရောက် အရေးယူမလဲ အားလုံးကိုပြောပြထားဖို့လိုပါတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေကို စပြီးခန့်ကတည်းက သူတို့ရဲ့နောက်ကြောင်း တွေ၊ သေချာစုံစမ်းပြီးသူတို့ရဲ့ Attitude တွေ၊ Behaviours တွေသိအောင်လုပ်ပြီးမှ ခန့်ထားဖို့ကောင်းပါတယ်။
အဲဒီလိုအလွဲသုံးစားလုပ်တဲ့လူတော်တော်များများဟာ လူသစ်တွေဖြစ်ဖို့ထက် လူဟောင်းတွေဖြစ်ဖို့ပိုများ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကိုလဲ အတိုင်းအတာ တစ်ခုထိ ရပြီးသား။ ပြီးတော့ ကုမ္ပဏီထဲမှာလည်း လွှမ်းမိုးမှုရပြီးသားဆိုတော့ မဟုတ်တာလုပ်ဖို့ သူတို့အတွက်က ပိုလွယ်ပါ တယ်။ အလွဲသုံးစားလုပ်တာနဲ့ ပတ်သက်တဲ့ ဆိုရိုးစကားလေးရှိပါတယ်၊ အဲဒါက ဘာလဲဆိုတော့ ( ၈ဝ – ၁ဝ – ၁ဝ ) Rule ပါ။ ဝန်ထမ်းတွေရဲ့ ၁ဝ%က ဘယ်တော့မှမဟုတ်တာမလုပ်ဘူး။ နောက်ထပ် ၁ဝ%က အခြေအနေ ပေး ရင်လုပ်တယ်။ ၈ဝ% ကတော့ လုပ်ချင်မှလဲလုပ်မယ်။ ဒါမှမဟုတ်ရင် အခြေအနေပေးရင် ပေးသလို၊ ပမာဏများရင် များသလို၊ လွယ်ရင်လွယ်သလို လုပ်တတ်ကြတယ်တဲ့။
ဆင်းရဲတိုင်း အလွဲသုံးစားလုပ်တာ၊ မဟုတ်တာလုပ်တာမဟုတ်ကြပါဘူး။သူတို့မှာ အဲဒီလိုအလွဲသုံးစား လုပ်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။ အဲဒါတွေကတော့
( ၁ ) သူတို့ရတဲ့ဝင်ငွေထက် ပိုပြီးလိုချင်တာ
( ၂ ) အရက်သေစာသောက်စားတာ
( ၃ ) မူးယစ်ဆေးဝါးသုံးစွဲတာ
( ၄ ) လောင်းကစားလုပ်တာ
( ၅ ) ပြီးတော့ ၂လုံး ၃လုံးထိုးတာ
( ၆ ) မမျှော်လင့်တဲ့ အခက်အခဲကြုံတွေ့တာ
ကျွန်တော်တို့သေချာထိန်းချုပ်မထားနိုင်ရင်တော့ သူတို့အတွက် အမြဲတမ်းအခွင့်အလမ်းရနေ မှာပါ၊ တစ်ခါတစ်လေ သူတို့ကပြောတတ်ပါတယ်။ သူတို့က ကုမ္ပဏီငွေကို ခဏချေးတာပါ၊ ပြီးရင် ပြန်ထည့်ထား မှာပါလို့။ တစ်ခါတစ်လေကျတော့လဲ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မရလို့ မကျေနပ်လို့လုပ်တာလို့ ဆင်ခြေပေးတတ်တယ်။
တစ်ခါတစ်လေကျ တစ်ချို့ကုမ္ပဏီတွေက အလွဲသုံးစားမှုတွေဖြစ်ရင် လူမသိဘူး။ သိလည်းဖြုတ်ပစ် လိုက်ကြတယ်။ တကယ်တော့ အဲဒီလိုလုပ်တာ မှားပါတယ်။ ထိထိရောက်ရောက်အရေးမယူပါဘူးလို့ သူတို့ခံစား ရရင် နောက်ထပ်အလွဲသုံးစားမှုတွေလဲ ဖြစ်လာနိုင်ပါတယ် ။
ဖြစ်နိုင်ရင်တော့ အချိန်ပေးပြီး Internal Control ဘယ်လိုလုပ်ရမလဲ သေချာစဉ်းစားဖို့လိုအပ် ပါတယ်။ ပြီးမှအဲဒီအတိုင်း အကောင်အထည်ဖော်ရမှာပါ။
မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: