MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၃၁ )

download (7)
( ဆ ) Factor Rankings နဲ့ Factor Evaluation နှစ်ခုကို ပြန်လည်ညှိနှိုင်းရတာ ကွဲပြားခြားနားမှုတွေ ဖြေရှင်းဖို့အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မတူညီတဲ့တိုင်းတာမှုနှစ်ခုကို အသုံးချတာဖြစ်ပြီး တူညီတဲ့ Intervals တွေမရှိလို့ပဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတခုက တော့ မတူညီမှုတွေရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ဇယားမှာကြည့်မယ်ဆိုရင် အတွင်းရေးမှူး တစ်ယောက်ထက် ကွန်ပြူတာစာရေးတစ်ယောက်အတွက်ရရှိထားသောကျွမ်းကျင်မှုနှင့် ဗဟုသုတများ ဆိုတဲ့ အချက်က ပိုပြီးအရေးပါတာဖြစ်ပါတယ်။
( ဇ ) Pilot Study တခု ပြုလုပ်ခြင်းအားဖြင့် Factors Ranking နဲ့ ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုတဲ့ အချက်နှစ်ချက်ကိုညှိနှိုင်းရာမှာ တွေ့ကြုံလာရနိုင်တဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အတွက် အထောက်အ ကူဖြစ်စေပါတယ်။ တကယ်လို့သာ Factors တွေ၊ ဒါမှမဟုတ် Benchmarks Jobs တွေဟာ Job Evaluation အတွက် အသုံးပြုဖို့မသင့်လျော်ဖူး၊ အဆင်မပြေဖူးဆိုတာတွေ့ရှိခဲ့ရင် အသစ်ပြန်လည် ဆောင်ရွက် ရမှာပါ။
( ဈ ) ဖော်ပြခဲ့ပြီးတဲ့အချက်တွေကိုဆောင်ရွက်ပြီးသွားပြီဆိုရင်၊ Job Factor တစ်ခုချင်းစီကိုလဲ ပြုလုပ် လိုတဲ့ အလုပ်တခုချင်းစီအတွက် အသေးစိတ်ဖော်ပြချက်တွေကိုပြင်ဆင်ပြီးသွားပြီဆိုရင်၊ နောက်ပြီး အ လုပ်တခုချင်းစီကိုလဲ ဆန်းစစ်ပြီးသွားပြီဆိုရင် Job Factor တစ်ခုချင်းစီအတွက် မိမိတို့ အတည်ပြု သတ် မှတ်လိုတဲ့လုပ်ခလစာနှုန်းထားတွေကိုလဲသတ်မှတ်လို့ရပါပြီ။
Factor Comparison ကိုအသုံးပြုခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ အစပိုင်းမှာ ကတည်းက Benchmark Jobs တွေကို အကဲဖြတ် ( Evaluate ) လုပ်ပြီးသား ဖြစ်သွားပါတယ်။ နောက်ပြီး မတူညီတဲ့နည်းလမ်းနှစ်ခုကိုအသုံးပြုပြီး အလုပ်တခုချင်းကို အကဲဖြတ်ညှိနှိုင်းတာဖြစ်တဲ့အတွက် လက် တွေ့ကျတဲ့ သုံးသပ်အကဲဖြတ်ချက်တခုကိုရရှိစေပါတယ်။ ပိုပြီးတော့လဲတိကျခိုင်မာတဲ့ အကဲဖြတ်ချက် တခု ရရှိစေပါတယ်။
Job Evaluation ရဲ့ပတ်သက်ပြီးဆက်ပြောမယ်ဆိုရင်တော့ Job Evaluation လုပ်တဲ့နည်းလမ်း တွေ နောက်ထပ်အများကြီးရှိပါသေးတယ်။ အဲဒါတွေကတော့ Time Span of Discretion၊ Decision Banding၊ Direct Consensus Method စတာတွေပဲဖြစ်ပါတယ်။ အဓိကကတော့ Job Evaluation လုပ် တဲ့အခါ ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့လိုက်လျောညီထွေဖြစ်တဲ့ Job Evaluation လုပ်တဲ့စနစ်ကို ရွေး ချယ်အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။
Job Evaluation လုပ်ပြီးသွားတဲ့အခါကျရင် ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ဆက်ပြီးစဉ်းစား ရအောင်ပါ။ Job Evaluation ပြီးသွားပြီဆိုရင်တော့ Job Pricing ကိုဆက်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။
( ဆ ) Job Pricing
Job Pricing လုပ်ပြီဆိုရင်အဓိကထားပြီးစဉ်းစားရမယ့်အချက်က ကိုယ့်အဖွဲ့အစည်းရဲ့ မူဝါဒတွေ၊ ဝန် ထမ်းဈေးကွက်ရဲ့အခြေအနေတွေ၊ လုပ်ငန်းရဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ Job Evaluation လုပ်ပြီးတဲ့ အခါမှာကျွန်တော်တို့ Job Hierarchy တခုရလာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Senior Accountant တစ်ယောက်ရဲ့ အလုပ်တာဝန်က Computer Operator တစ်ယောက်ထက် ပိုပြီးတန်ဖိုးမြင့်တယ် လို့ ပြောလို့ရသလို Computer Operator တစ်ယောက်ရဲ့တာဝန်က Data Entry clerk တစ်ယောက်ထက် ပိုပြီးတန်ဖိုးမြင့်တယ်ဆိုတာ ပြောပြနိုင်သလိုပါပဲ။ သတိထားရမှာက ခုနကပြောခဲ့တဲ့ တန်ဖိုးမြင့်တယ် ဆိုတာ အလုပ်တခုနဲ့တခုနှိုင်းယှဉ်ပြီး ပြောတာသာဖြစ်ပြီး ဘယ်ဝန်ထမ်းက ဒါမှမဟုတ်ဘယ်အလုပ်က တန်ဖိုးမရှိဘူးလို့ဆိုလိုတာ မဟုတ်ဘူးဆိုတာပါ။
Job Pricing လုပ်ရာမှာ Pay Rates, Pay Grades နဲ့ Pay Range ( ၃ ) မျိုးကိုသုံးကြတာတွေ့ရပါတယ်။
( ၁ ) Pay Rates
တကယ်လို့အဖွဲ့အစည်းတခုဟာ မိမိအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို ၄င်းတို့နဲ့ လုပ် ငန်း သဘောသဘာဝချင်း အလားသဏ္ဍာန်တူညီတဲ့ တခြားအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ အလား တူလစာမျိုး ပေးချင်တယ်ဆိုရင်အလုပ်တခုချင်းအတွက် Market Research လုပ်ပြီး ရလာတဲ့အချက် တွေကို အခြေခံပြီး Key Jobs တွေအတွက် သတ်မှတ်သင့်ပါတယ်။ တကယ်လို့ Survey ၂ခု ၃ခု လောက်ယူသုံးမယ်ဆိုရင်တော့ ရလာတဲ့ Survey တွေရဲ့ ယုံကြည်စိတ်ချရမှု၊ အလုပ်နဲ့ဆက်နွယ်မှုတွေ အပေါ်မှာအခြေခံပြီး မျှခြေယူအသုံးပြုရမှာ ဖြစ်ပါတယ်။
ပြီးမှ Key Jobမဟုတ်တဲ့အလုပ်တွေရဲ့ လစာတွေကို သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ Pay Structure ဆွဲမယ့်သူအနေနဲ့ပူးတွဲပါပုံမှာဖော်ပြထားသလို ဂရပ်ဖ်တခုရေးဆွဲဖို့လိုအပ်ပါတယ်။ ဒေါင်လိုက်ဝင်ရိုးမှာ ဆိုရင် ရရှိလာတဲ့ အချက်အလက်တွေကိုအခြေခံပြီး လုပ်ခလစာတွေကိုရေးသွင်းရပါမယ်။ အလျား လိုက် ဝင်ရိုးမှာတော့ အလုပ်တခုချင်းအတွက် Job Evaluation လုပ်လိုက်လို့ရလာမယ့် Point တွေကို ရေး သွင်းရပါမယ်။ပြီးရင်တော့ Key Job တခုချင်းစီအတွက် ရရှိလာတဲ့ Job Evaluation Point နဲ့ လုပ်ခလ စာတွေကိုနေရာချထားရပါမယ်။ နေရာချထားရင်းနဲ့ပဲ Pay Policy Line တခုရလာပါမယ်။ ပြထားတဲ့ပုံမှာ ဆိုရင် ဘယ်ဘက်ကနေညာဘက်ကို မြင့်တက်သွားတဲ့ Pay Policy Line လိုင်းဟာ Job Evaluation နဲ့ Pay Rate ကြားကဆက်နွယ်မှုကိုဖော်ပြပါတယ်။ ဘယ်ဘက်ကနေညာဘက်ကို မြင့်တက်သွားတဲ့ လိုင်း အရကြည့်မယ်ဆိုရင် Job Evaluation လုပ်လိုက်လို့ရလာတဲ့ပွိုင့်တွေများလေလေ ခံစားရရှိမယ့်လုပ်ခ လစာများလာလေလေဆိုတာ တွေ့ရမှာပါ။ ဥပမာ Job Evaluation Point ၃၁၅ ရတဲ့သူတယောက်ရဲ့ ခန့်မှန်းလို့ရတဲ့လစာဟာ ၆၄၈၆ ဖြစ်တာတွေ့ရပါမယ်။
မင်းခေါင် ( EMPA – 8 )

Job Evaluation Point

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: