MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

SRS လေအိတ်ဆိုသည်မှာ………………..

SRS
SRS2
မော်တော်ယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေး
မော်တော်ယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေးလိုအပ်ချက် ( ၂ ) မျိုးရှိပါသည်။ ပထမအချက်မှာ မတော်တ

ဆမှုများမဖြစ်မီ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် မတော်တဆမှုဖြစ်ပွားချိန်တွင် ယာဉ်ပေါ်တွင်

ပါလာသောသူများအား ကာကွယ်ခြင်းတို့ဖြစ်သည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် ယာဉ်ပေါ်တွင်ပါလာ

သောသူများအားကာကွယ်ခြင်းတွင် ယာဉ်အခန်းတွင်းပျက်စီးမှုအနည်းဆုံးဖြစ်စေရန်ဆောင်ရွက်ခြင်းနှင့်

ယာဉ်အတွင်းခန်းအတွင်း အရာဝတ္တုများရွေ့လျားခြင်းကြောင့် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်မှုဖြစ်

ပွားခြင်းကို အနည်းဆုံးဖြစ်စေရန်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက်

ယာဉ် ကိုယ်ထည်အား ထိခိုက်မှုကိုလျော့ပါးသက်သာစေသော ပုံစံဖြင့်တည်ဆောက်ခြင်း၊ SRS လေအိတ်

များနှင့်ထိုင်ခုံခါးပတ်များထည့်သွင်းထားခြင်းတို့ဖြင့် စီစဉ်ထားသည်။

ယာဉ်ကိုယ်ထည်အား ထိခိုက်မှုကိုလျော့ပါးသက်သာစေသော ပုံစံဖြင့်တည်ဆောက်ခြင်း၊

ယာဉ်ကိုယ်ထည်၏ရှေ့ပိုင်းနှင့်နောက်ပိုင်းတို့အားပုံပျက်စေပြီး တိုက်ခိုက်ချိန်တွင်ဖြစ်ပေါ်သော

တွန်းတိုက် အား များကို စုပ်ယူခြင်း၊ ပြန့်ကွဲထွက်စေခြင်းနှင့် တောင့်တင်းသော

ယာဉ်အတွင်းခန်းတည်ဆောက်ပုံ တို့ ဖြင့် ယာဉ်ပေါ်တွင်ပါလာသူဆီသို့သက်ရောက်သော

တိုက်ခိုက်ချိန်တွင်ဖြစ်ပေါ်သည့်တွန်းတိုက်အားများ ကိုလျော့ချပေးပြီး ယာဉ်အတွင်းခန်း၏

ပုံပျက်စီးမှုကိုလည်း လျော့ကျစေသည်။

ထိုင်ခုံခါးပတ်များ

ထိုင်ခုံခါးပတ်များသည် ယာဉ်ပေါ်တွင်ပါလာသူအားအကာအကွယ်ပေးရန် အခြေခံအကျဆုံးနည်းဖြစ်သည်။

ထိုင်ခုံခါးပတ်များဝတ်ဆင်ထားခြင်းဖြင့် ယာဉ်ပေါ်တွင်ပါလာသူအားယာဉ်တိုက်ခိုက်မှုဖြစ်ပွားချိန်တွင်

ယာဉ်အတွင်းမှလွင့်စင်ထွက်သွားခြင်းမှကာကွယ်ပေးသည့်အပြင် ယာဉ်အတွင်းခန်းအတွင်း အရာဝတ္တုများ

ရွေ့လျားခြင်းကြောင့် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်မှုဖြစ်ပွားခြင်းကိုအနည်းဆုံးဖြစ်စေသည်။

SRS လေအိတ်များ

SRS လေအိတ်များသည် ထိုင်ခုံခါးပတ်များကပေးစွမ်းနိုင်သော မှပေးအပ်သည့်အခြေခံအကာ အကွယ်

အပြင် ယာဉ်မောင်းနှင့် ရှေ့ခန်းတွင်လိုက်ပါလာသောခရီးသည်အား အကာအကွယ်တစ်ခုထပ်မံ ဖန်တီး

ပေးသည်။ ယာဉ်အရှေ့ပိုင်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် SRS လေအိတ်များသည် ဖောင်းတက်လာပြီး

ထိုင်ခုံခါးပတ်များနှင့်အတူ အလုပ်လုပ်ကာ ယာဉ်မောင်းနှင့် ရှေ့ခန်းတွင်လိုက်ပါလာသောခရီးသည်အား

ဦးခေါင်းပိုင်းသို့မဟုတ်မျက်နှာပိုင်းအား ကားရှေ့ဒက်ရှ်ဘုတ်နှင့် ယာဉ်လက်ကိုင်ဘီးတို့နှင့် တိုက်ခိုက်ခြင်းမှ

အကာအကွယ်ပေးသည်။ ၁၉၈၉ခုနှစ်မှစတင်ပြီး Lexus LS 400 တွင်ယာဉ်မောင်းအတွက် SRS လေအိတ်

များတပ်ဆင်ပေးပြီးချိန်မှစတင်ပြီးနောက်ပိုင်းတွင် SRS လေအိတ်များအသုံးပြုမှုလျင်မြန်စွာ မြင့်တက်လာ

ခဲ့သည်။

SRS လေအိတ်များနှင့်ထိုင်ခုံခါးပတ်များလိုအပ်ချက်

ဤအခန်းတွင် ယာဉ်အရှေ့ပိုင်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားသည့်အခါဖြစ်ပေါ်လာနိုင်သော ပြင်းထန် သည့်

ထိခိုက်ဒဏ်ရာရမှုအားလျော့ပါးသက်သာစေရန်အတွက် SRS လေအိတ်များနှင့်ထိုင်ခုံခါးပတ် များသည်

မည်သည့်အတွက်ကြောင့်အရေးပါရသည်ကို ဖော်ပြထားသည်။

အခြားသောယာဉ်တစ်စီးစီးသို့မဟုတ် အရာဝတ္တုတစ်ခုခုဖြင့် ယာဉ်တိုက်ခိုက်မှုဖြစ်ပွားသော အခါ တွင်ယာဉ်သည်

ရုတ်ခြည်း ချက်ခြင်းရပ်တန့်သွားမည်ဖြစ်သည် ဥပမာ – ယာဉ်တစ်စီးသည် တစ်နာရီ လျင် ၅၀ကီလိုမီိတာ

( သို့မဟုတ် ) ၃၀ မိုင်နှုန်းဖြင့်မောင်းနှင်လာစဉ် အသေတည်ရှိနေသော အတားအဆီး တစ်ခုခုကို

ယာဉ်ရှေ့ပိုင်းဖြင့်တိုက်ခိုက်မိပါက ရုတ်ခြည်းရပ်တန့်သွားရန်အတွက် တစ်စက္ကန့် ၏ ဆယ်ပုံ

တစ်ပုံသောအချိန်သာ လိုအပ်ပါသည်။ယင်းအလွန်တိုတောင်းသောအချိန်ကာလအတွင်း အဖြစ်အပျက်

ပေါင်းများစွာဖြစ်ပျက်သွားနို်င်ပါသည်။ ယင်းတိုက်ခိုက်ချိန်တွင် ယာဉ်ရှေ့ဘန်ပါသည် ရပ်တန့်သွားပြီး

ကျန်ယာဉ်တစ်စီးလုံးသည် တစ်နာရီ လျင် ၅၀ကီလိုမီိတာ ( သို့မဟုတ် ) ၃၀ မိုင်နှုန်းဖြင့်ဆက်

လက်ရွေ့လျားနေမည်ဖြစ်သည်။ ယာဉ်သည် စွမ်းအင်အားလုံးကိုစုပ်ယူလိုက်ပြီး ယာဉ်ရှေ့ပိုင်းပျက်စီး

သွားချိန်တွင် အရှိန်တဖြည်းဖြည်းလျော့ကျ သွားမည်ဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ချိန်အတွင်း ခရီးသည်အခန်း

သည် အရှိန်စတင်လျော့ကျသွား သော်လည်း ခရီးသည်သည် ခရီးသည်အခန်းရှေ့သို့မူလအရှိန်အတိုင်း

ဆက်လက်ရွေ့လျားသွားမည် ဖြစ်သည်။

အကယ်၍သာထိုင်ခုံခါးပတ်ပတ်မထားခဲ့ပါက ယင်းတို့သည် ယာဉ်အတွင်းပိုင်းနှင့်တိုက်ခိုက်မိ ချိန် အထိ

တစ်နာရီ လျင် ၅၀ကီလိုမီိတာ ( သို့မဟုတ် ) ၃၀ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေမည်ဖြစ်သည်။

ဤဥပမာတွင် ယာဉ်ပေါ်တွင်ပါလာသူသည် တတိယထပ်တိုက်အပေါ်မှပြုတ်ကျလာသူကဲ့သို့အရှိန်ဖြင့်

ယာဉ်အတွင်းပိုင်းကိုတိုက်မိမည်ဖြစ်သည်။

အကယ်၍ ယာဉ်ပေါ်တွင်ပါလာသူသည် ထိုင်ခုံခါးပတ်ပတ်ထားခဲ့ပါက လျင်မြန်စွာအရှိန်လျော့ သွားပြီး

တိုက်ခိုက်မှုအားကိုလျော့ကျစေမည်ဖြစ်သည်။ သို့ရာတွင် ပြင်းထန်သောတိုက်ခိုက်မှုများတွင်မူ မကာကွယ်

ထားသောသူများထက်လွန်စွာနည်းသောအရှိန်ဖြင့်သာ ယာဉ်အတွင်းပိုင်းနှင့် ထိခိုက်မှုများရှိ နိုင် သည်။

SRS လေအိတ်များသည် ယာဉ်အတွင်းပိုင်းနှင့် ဦးခေါင်းပိုင်းသို့မဟုတ်မျက်နှာပိုင်းအား တိုက်ခိုက်

နိုင်ခြေအားလျော့ချပေးပြီး ပေါ်သို့သက်ရောက်မည့် အားကိုစုပ်ယူပေးသည်။

ယာဉ်ပေါ်တွင်ပါလာသူထံသို့သက်ရောက်မည့်တွန်းတိုက်အားများကို စုပ်ယူပေးမည့် အခြေခံ

ယာဉ်စနစ်နှစ်မျိုး ရှိသည်ကိုသတိပြုရပါမည်။ ယာဉ်ပေါ်တွင်ပါလာသူအား မော်တော်ယာဉ်နှင့်

ချိတ်ဆက် ပေးပြီးအရှိန်လျော့ချပေးမည့် ထိုင်ခုံခါးပတ်နှင့် SRSလေအိတ်များဖြစ်သည်။

SRS လေအိတ်အမျိုးအစားများ

SRS လေအိတ်အမျိုးအစားများအား လေဖောင်းစေခြင်းစတင်သည့်စနစ် ၊ လေအိတ်အရေအတွက်နှင့်

လေအိတ်အာရုံခံကိရိယာအရေအတွက် ကို အခြေခံပြီးခွဲခြားပါသည်။

( က ) လေဖောင်းစေခြင်းစတင်သည့်စနစ်

• လျှပ်စစ်စနစ်

• စက်စနစ်
( ခ ) လေအိတ်အရေအတွက်

• ယာဉ်မောင်းအတွက် ( ၁ ) လုံး (လျှပ်စစ်စနစ် သို့မဟုတ် စက်စနစ်)

• ယာဉ်မောင်းအတွက် ( ၁ ) လုံးနှင့် ရှေ့ခုံရှိခရီးသည်အတွက် ( ၁ ) လုံး (လျှပ်စစ်စနစ်

သို့မဟုတ် စက်စနစ်)

( ဂ ) လေအိတ်အာရုံခံကိရိယာအရေအတွက်

• လေအိတ်အာရုံခံကိရိယာ ( ၁ ) လုံး

• အလယ် လေအိတ်အာရုံခံကိရိယာ ( ၁ ) လုံး နှင့် ရှေ့ပိုင်း လေအိတ်အာရုံခံကိရိယာ ( ၂ ) လုံး

SRS လေအိတ်အမျိုးအစားများအလုပ်လုပ်ပုံ

ကားရှေ့ပိုင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မိသောအခါတွင် SRS လေအိတ်အာရုံခံကိရိယာသည်

အရှိန်လျော့ကျသွားခြင်းကိုအာရုံခံပြီး လေအိတ်ဖောင်းစေသည့် ကိရိယာ ( Inflator ) ကို စတင်

အလုပ်လုပ်စေသည်။ ထို့နောက် Inflator အတွင်းတွင် ဓာတုဓါတ်ပြုမှုဖြစ်ပေါ်စေပြီး လေအိတ်အား

အန္တရာယ်မဖြစ်စေနိုင်သည့် နိုက်ထရိုဂျင်ဓါတ်ငွေ့များဖြင့် ပြည့်စေပြီး ကားပေါ်တွင်ပါသူကို ရှေ့သို့

မရွေ့လျားအောင်တားဆီးလိုက်သည်။

ဤနည်းအားဖြင့် ခေါင်းနှင့်မျက်နှာကို ယာဉ်လက်ကိုင်ဘီးနှင့် ဒက်ရှ်ဘုတ်နှင့် တိုက်မိစေခြင်းမှ

ကာကွယ်ပေးသည်။ လေအိတ် ပြန်လည်ကျုံ့ဝင် သွားသောအခါတွင်လည်း စွမ်းအင်များကိုစုပ်ယူ

သွားသည်။ ဖောင်းပွလာခြင်း၊ ကာကွယ်ပေးခြင်း၊ ပြန်လည်ကျုံ့ဝင်သွားခြင်းဖြစ်စဉ်တစ်ခုလုံးသည်

စက္ကန့်ပိုင်း အတွင်းဖြစ်ပေါ်သွားခြင်းဖြစ်သည်။

မှတ်ချက်။

• SRS လေအိတ်များသည် တစ်ကြိမ်သာ အသုံးပြုနိုင်ရန်ပြုလုပ်ထားသည်။ ရှေ့ခုံတွင်ခရီးသည်

မရှိသောအချိန်တွင်ပင် ခရီးသည်အတွက်SRS လေအိတ်သည် အသက်ဝင်လာမည်ဖြစ်သည်။

• လေအိတ်ဖောင်းလာသောအခါတွင်အသင့်အတင့်ကျယ်လောင်သောအသံတစ်ခုထွက်လာပြီး

နိုက်ထရိုဂျင်ဓါတ်ငွေ့နှင့်အတူ မီးခိုးအချို့ထွက်လာမည်ဖြစ်သည်။ ယင်းတို့သည် အန္တရာယ်

မဖြစ်စေနိုင်သကဲ့သို့မီးလည်းမလောင်စေနိုင်ပါ။ အရေပြားယားယံမှုများ၊ လောင်ကျွမ်းမှုများ

မဖြစ်ပေါ်စေရန်အတွက် အကြွင်းအကျန်များကိုဖြစ်နိုင်သမျှအမြန်ဆုံးသန့်ရှင်း ဆေးကြော ပစ်ရမည်။

• SRS လေအိတ်အသက်ဝင်လာခြင်းသည် တစ်စက္ကန့်၏အချိန်အပိုင်းအစအတွင်းဖြစ်ပေါ် လာသဖြင့်

လေအိတ်သည်အားတစ်ခုဖြင့် ချက်ခြင်း ဖောင်းတက်လာမည်ြ်ဖစ်သည် ပြင်းထန် သောဒဏ်ရာရမှုများမှ

ကာကွယ်ရန်ပုံစံထုတ်ထားသော်လည်း အသေးစားလောင်ကျွမ်းမှုများ၊ ပွန်းစားမှုများ၊ ယောင်ယမ်းမှုများ

ဖြစ်ပေါ်စေနိုင်သည်။

• လေအိတ်ဖြစ်စဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်သော ယာဉ်လက်ကိုင်ဘီး၊ ဒက်ရှ်ဘုတ်တို့သည် မိနစ် အနည်းငယ်မျှ

ပူလောင်နေမည်ဖြစ်သော်လည်း လေအိတ်ကိုယ်တိုင်ကမူ ပူမည်မဟုတ်ပါ။

• ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် လေအိတ်ဖောင်းတက်လာသည်အထိပြင်းထန်သော တိုက်ခိုက်မှု

များတွင် ရှေ့လေကာမှန်ကွဲအက်ခြင်းများဖြစ်ပေါ်စေနိုင်သည်။ ခရီးသည်အတွက်လေအိတ် ပါသော

ယာဉ်များတွင် ရှေ့လေကာမှန်သည် လေအိတ်ဖောင်းထွက်လာခြင်းကြောင့် ဖြစ်ပေါ် လာသော

အားတစ်ချို့ကိုစုပ်ယူခြင်းကြောင့် ပျက်စီးသွားနိုင်သည်။

SRS လေအိတ်အသက်ဝင်လာခြင်း

SRS လေအိတ်များသည် အောက်တွင်ဖော်ပြထားသောပုံ၏မျှားနှစ်ခုအကြား ခြယ်ထားသော ဧရိယာ

အတွင်းကားရှေ့ပိုင်းနှင့် ပြ့င်းထန်စွာတိုက်ခိုက်မှုဖြစ်ပွားသောအခါတွင် အသက်ဝင်ပြီးဖောင်းလာမည် ဖြစ်သည်။

ပြင်းထန်မှုသည် ပုံစံပြုထားသောအရှိန်သတ်မှတ်ချက် ( အနီးကပ်ဆုံးတစ်နာရီလျှင် ၁၂-၁၄ မိုင် နှုန်း –

တစ်နာရီလျင် ၂၃ ကီလိုမီတာနှုန်း ) ထက် ပြင်းထန်သောအရှိန်ဖြင့် မရွေ့လျားမပျက်စီးသွားနိုင် သော

အရာအတားအဆီးတစ်ခုကို ၀င်တိုက်မိသောအခါတွင် SRS လေအိတ်များသည် အသက်ဝင်ပြီး ဖောင်း

လာမည်ဖြစ်သည်။ ယင်းထက်လျော့နည်းပါက အသက်ဝင်ပြီးဖောင်းလာမည်မဟုတ်ပါ။

သို့ရာတွင်ရွေ့လျားသွားနိုင်သော သို့တည်းမဟုတ် ပုံပျက်သွားနိုင်သော ရပ်ထားသောကား သို့မဟုတ်

တိုင် တစ်ခုခု အားဝင်တိုက်မိသည့်အခါမျိုး သို့တည်းမဟုတ် အောက်သို့လျှိုဝင်တိုက်မိခြင်း ဥပမာ

အား ဖြင့် ကား၏ရှေ့ပိုင်းသည် ထရပ်ကားတစ်စီးစီး၏ အောက်ဖက်သို့ဝင်သွားသောအခါမျိုးတွင် ယင်းအရှိန်

သတ်မှတ်ချက်သည် မြင့်မားလာမည်ဖြစ်သည်။

SRS လေအိတ်များသည်အောက်ပါအခြေအနေတွင်အလုပ်မလုပ်ပါ –

အကယ်၍ကားသည် ဘေးဘက် သို့မဟုတ်အနောက်မှဝင်အတိုက်ခံရသည့်အခါမျိုး၊ သို့တည်းမဟုတ်

လိမ့်သွားသောအခါမျိုး၊ သို့တည်းမဟုတ် အရှိန်နည်းနည်းဖြင့် ကားရှေ့ပိုင်းဖြင့်ဝင်တိုက်ခြင်းမျိုး တွင် SRS

လေအိတ်များသည်အလုပ်မလုပ်ပါ ။

သတိပေးချက်

( ၁ ) ကလေးနှင့်စပ်လျဉ်းပြီး

ရှေ့ခုံတွင် ကလေးငယ်အားတွန်းလှည်းတွင်ထည့်ပြီး နောက်ဖက်သို့မျက်နှာလှည့်ပြီးစီး စေခြင်းမျိုး

မပြု့လုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် လေအိတ်ဖောင်းလာမှုကြောင့် ကလေးငယ်အားပြင်းထန်စွာ

ဒဏ်ရာရစေနိုင်သောကြောင့် ဖြစ်သည်။

( ၂ ) ထိုင်ခုံစွန်းတွင်ထိုင်ခြင်း၊ ဒက်ရှ်ဘုတ်ကိုမှီထားခြင်းမပြုလုပ်ရပါ

ကားသွားနေသောအချိန်တွင် ထိုင်ခုံစွန်းတွင်ထိုင်ခြင်း၊ ဒက်ရှ်ဘုတ်ကိုမှီထားခြင်းမပြုလုပ်ရပါ။

သတ်မှတ်အရှိန်ကြောင့်လေအိတ်ပွင့်လာသောအခါတွင် ပြင်းထန်စွာဒဏ်ရာရစေနိုင်သော ကြောင့်ဖြစ်သည်။

တည့်တည့်ထိုင်ပြီးနောက်ကိုမှီထားရမည်။ ထိုင်ခုံခါးပတ်ကိုအမြဲတမ်း ပတ် ထားရမည်။

( ၃ ) လေအိတ်ထွက်လာမည့်နေရာအရှေ့တွင်မည်သည့်အရာကိုမှမထားရပါ

လေအိတ်ထွက်လာမည့်နေရာ ( လေအိတ်တည်ရှိသည့် ဒက်ရှ်ဘုတ် သို့မဟုတ် ကားလက်ကိုင် ဘီး )

အရှေ့တွင်မည်သည့်အရာကိုမှမထားရပါ။ယင်းသို့ထားရှိပါက လေအိတ်ဖောင်းပွလာခြင်း ကို

ကန့်သတ်ခြင်းသို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်နိုင်သည်။ကားလက်ကိုင်ဘီး၊ ကော်လန်အဖုံး၊

ရှေ့ခ့ရီးသည်အတွက် လေအိတ်အဖုံး၊ ရှေ့ခ့ရီးသည် အတွက်လေအိတ်၊ လေအိတ်အာရုံခံကိရိယာများ၏

အစိတ်အပိုင်းများ၊ ၀ါယာကြိုးများကို မည်သည့်နည်းနှင့်မှ ပြောင်းလဲခြင်း၊ ဖြုတ်ခြင်း၊ ဖွင့်ခြင်းမပြုလုပ်ရပါ။

ယင်းသို့ပြုလုပ်ခဲ့ပါက လေအိတ်ချက်ခြင်းပွင့်ထွက်လာခြင်း၊ စနစ်အလုပ်မလုပ်တော့ခြင်းများဖြစ်ပေါ်ပြီး

ထိခိုက် ဒဏ်ရာရခြင်းများဖြစ်ပေါ်နိုင်သည်။

မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: