MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

Customer တွေ ကျွန်တော်တို့ကိုဘာ လို့မေ့သွားကြတာလဲ ( ၄ )

နံပါတ်(၄) ( Lost or Poor Message )

နံပါတ်(၁) အချက်မှာတုန်းက consistent ဖြစ်တဲ့ပြိုင်ဖက်မရှိ Message တစ်ခုဖန်တီးဖို့ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများကိစ္စရပ်တွေမှာ ကုမ္ပဏီတွေအနေနဲ့ သူတို့ပေးချင်တဲ့ Message တွေကို မ ပေး နိုင်ခဲ့ကြပါဘူး။ Corporate Message ရှိခဲ့ရင်တောင်မှ သူတို့ဟာ မြင်သာထင်သာမရှိကြဘူး။ သေချာပါတယ်။ တကယ်လို့ ကျွန်တော်တို့ တွေ ကိုယ်ပိုင်ကုမ္ပဏီထောင်မယ်ဆို စဉ်းစားစရာတွေအများကြီးပါ။

          လူအများသုံးနေကျစကားလုံးတွေကို အမှားအမှန်ခွဲခြားစရာမလိုဘူးလို့ထင်မှတ်ကြပါတယ်။ ကုမ္ပဏီတွေ ပြောနေကြတဲ့စကားတွေက Trust The Best တို့ ၊ Quality is our middle name တို့စတာတွေပါ။ Trust တို့ Quality တို့ဆိုတာ အရေးကြီးတာ မှန်ပါတယ်။ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အဲဒီTrust တို့ Quality တို့ဆိုတာ တ ကယ်တမ်းတော့ ကုမ္ပဏီတိုင်းသုံးနေကျ လက်သုံးစကားတွေဖြစ်နေပါပြီ။ တကယ်တမ်းကျတော့ Quality ပစ္စည်း တွေကို ကျွန်တော်တို့ မရကြပါဘူး။ တကယ်လို့သာ ခင်ဗျားရဲ့ကုမ္ပဏီဟာ တကယ်ကို အရည်အသွေးကောင်းတဲ့ Quality Product ဒါမှမဟုတ် Service ကိုပေးနေတာမဟုတ်ရင် အချိန်နဲ့အမျှအခြေအနေ ပိုမိုပြီးဆိုးရွားသွားနိုင်ပါ တယ်။ တကယ်လို့ ခင်ဗျားရဲ့ကုမ္ပဏီကို မယုံကြည်တော့ဘူးဆိုရင် အချိန်တိုလေးအတွင်းမှာဘဲ ခင်ဗျားကိုမေ့သွားမှာပါ။

          ကုမ္ပဏီတွေရဲ့ Poor Message တွေဘာကြောင့်ဖြစ်ရသလဲဆိုတော့ ရှိပြီးသားအရာတွေ၊ သူများလုပ်ပြီးသား တွေကိုပဲ ကူးချတတ်တဲ့အကျင့်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်ကတော့ ပုံစံခွက်ဈေးကွက်ထိုးဖောက်ခြင်း (  Template  Marketing ) လို့ခေါ်ချင်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က သူ့ရဲ့ပြိုင်ဘက်ဘာတွေလုပ်နေသလဲ  စောင့်ကြည့်လေ့လာပြီး ပြိုင်ဘက်လုပ်သလိုလိုက်ပီးလုပ်လေ့ရှိပါတယ်။ ဥပမာ သူများကခဲခြစ်ကံစမ်းမဲဆို ကိုယ်က လဲ ခဲခြစ်ကံစမ်းမဲလိုက်လုပ်တာမျိုးပေါ့။ ပြီးလဲပြီးရော ကုမ္ပဏီတွေအကုန်လုံးကတစ်မျိုးတည်းဖြစ်သွားရော။ အဲဒီ တော့ ဘာမှမလုပ်တာနဲ့ဘာထူးဦးမှာလဲ။ ဘာဖြစ်လို့များ သူများနဲ့မတူတဲ့ လုံးဝကို Unique ဖြစ်တဲ့ Message တွေ မဖန်တီးကြတာလဲ။ အဲဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ဈေးကွက်တစ်ခုလုံးက ကိုယ့်နောက်လိုက်လာမှာပေါ့။ အခုတော့ လမ်းညွှန်စာအုပ်တွေထဲကကြော်ငြာတွေထဲက ဖုန်းနံပါတ်တွေ၊ ကုမ္ပဏီနာမည်တွေသာဖယ်လိုက်မယ်ဆိုရင် အားလုံး ကအတူတူ တွေချည်းဘဲ ဖြစ်နေကြတယ်။ ဒါဆို ကုမ္ပဏီတစ်ခုနဲု့တခု ဘယ်လိုလုပ်ခွဲခြားမလဲ။ ကုမ္ပဏီတွေက ကိုယ် ပိုင်တီထွင်ဖန်တီးမှုတွေစတင်ဆောင်ရွက်ဖို့ထက် သူများဘာလုပ်သလဲကြည့်ပြီး လိုက်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီတော့ ခုနကပြောခဲ့ သလိုပဲ ကြော်သာကြော်ငြာနေတာ၊ ဘယ်သူ့အတွက်မှအကျိုးမရှိဘူး။

          နောက်တစ်ချက်ကတော့ ကုမ္ပဏီတွေက သူတို့ရဲ့ ကိုယ်ပိုင် Message တွေကို ဖန်တီးဖို့အားနည်းကြတာပါ။ ကိုယ် ရဲ့ Target Market အတွက်သီးသန့် Message တွေဖန်တီးတတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Customer တွေက ဘယ်သူတွေလဲ၊ သူတို့ဆီကို ကိုယ်ပေးချင်တဲ့ Message တွေကဘာတွေလဲ။ ဒါမှမဟုတ် ဘယ် Message မျိုးကို Customer တွေစိတ်ဝင်စားမလဲဆိုတာ မစဉ်းစားတော့ဘူး။ လုပ်ငန်းရှင်တွေကလဲတစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်နေကြတဲ့အခါကျတော့ကိုယ့်ရဲ့ Target Audience က ဘယ်သူတွေလဲ၊ သူတို့ကိုဘယ်လို ဆွဲဆောင်စည်းရုံးရမလဲမသိတော့ဘူး။ အပြစ်တွေချည်းပဲပြောနေတာမဟုတ်ပါဘူး။ လုပ်ငန်းရှင် တွေအနေနဲ့ တစ်ခုချင်း အသေးစိတ် အချိန်မပေးနိုင်ဘူးလို့ ပြောချင်တာပါ။

          အဲဒီလိုမဖြစ်အောင် လုပ်ဖို့က တခုပဲရှိပါတယ်။ အဲဒါကတော့ Marketing Message တစ်ခုကို ဖန်တီးထား ပြီး အဲဒီ Message ကိုပဲ ပုံသေအသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်၊ ကိုယ်တစ်ယောက်တည်းအတွက် သီး သန့်ဖြစ်တဲ့ Message ကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီလဲ၊ဘာတွေလုပ်တာလဲဆိုတာထက် Customer တွေကို ဘယ်လို Service မျိုးပေးနိုင်တာလဲဆိုတာက ပိုအရေးကြီးပါတယ်။ ရှုပ်ထွေးပွေလီလှတဲ့ စီးပွားရေး လောက ကြီးထဲမှာ ကိုယ့်ကုမ္ပဏီဟာ အတုမရှိတခုတည်းသောကုမ္ပဏီဖြစ်တယ်ဆိုတာ မေ့မသွားပါနဲ့။ ကိုယ့်ရဲ့ကုမ္ပဏီနဲ့ ထပ်တူညီတဲ့၊ ကုမ္ပဏီမျိုးလောကမှာ လုံးဝ (လုံးဝ)မရှိနိုင်ပါဘူး။ ကိုယ့်ကုမ္ပဏီရဲ့ဝန်ထမ်းတွေလိုမျိုး။ စီမံခန့်ခွဲ အုပ်ချုပ်မှုမျိုး တခြားကုမ္ပဏီတစ်ခုကလာပြီးထပ်တူညီတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ ဘယ်သူနဲ့မှ မတူညီပဲ Unique ဖြစ်တဲ့ Marketing  message ကို ဖန်တီး သင့်ပါတယ်။

          နောက်တစ်နည်းကတော့ ကိုယ့်ရဲ့ Marketing Message ကို ဝန်ထမ်းအားလုံးသိထားအောင် လုပ်ထားဖို့ပါ။ ကုမ္ပဏီကဝန်ထမ်းအားလုံးဟာ ကိုယ့်ကုမ္ပဏီက Customer တွေကို ဘယ်လို Message တွေ ပေးချင်တာလဲသိထား ဖို့လိုပါ တယ်။ အဲဒီ Message တွေဟာ ပြင်ပလောကနဲ့ဆက်သွယ်မှု လုပ်တိုင်းပေါ်လွင်နေစေသင့်ပါတယ်။ ဖုန်း ပြောတာ ပဲဖြစ်ဖြစ်၊  Sales presentation လုပ်တာပဲ ဖြစ်ဖြစ်ပေါ့။ Customer တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့၊ ဝန်ဆောင်မှုတွေပေးနေတဲ့ ဝန်ထမ်းတွေကို ကိုယ့် Message က ဘာကိုဆိုလိုသလဲ။ Customer တွေဆီက ဘာပြန် ရဖို့မျှော်လင့်ထားသလဲ သိနေပါစေ။ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်ရဲ့ Message နဲ့ပတ်သက် လို့ပွင့်ပွင့်လင်းလင်းဝေဖန်ခွင့်ပေးပါ။ ဒါမှ လဲ ကိုယ့် Message ဟာသူတို့ရဲ့စိတ်ထဲမှာ စွဲမြဲနေမှာပေါ့။

          Marketing Materials တွေနဲ့ Marketing Message တွေကြားမှာ ကွဲလွဲမှုတွေရှိနေကြောင်း ထောက်ပြပေး နိုင်တဲ့ ဝန်ထမ်းတွေကိုလည်း အသိအမှတ်ပြုတဲ့အနေနဲ့သူတို့ကို လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးတာ၊လူအ များရှေ့မှာ ချီးကျူးပေးတာ၊တခုခုအသိအမှတ်ပြုတာလေးတွေလုပ်ပေးပါ။

မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: