MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၄၁ )

( ခ ) Employee Stock Ownership Plans
Stock Options တွေကို အကြီးတန်းစီမံခန့်ခွဲမှုပိုင်းကဝန်ထမ်းတွေအတွက်အသုံးများကြသလိုပဲ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလို့ရတဲ့စနစ်တခုကတော့ Employee Stock Ownership Plans ပဲဖြစ်ပါ တယ်။ Employee Stock Ownership Plans မှာဆိုရင် စတော့တွေကို ဝန်ထမ်းတွေကို ပေးလိုက်ပေ မယ့် ကုမ္ပဏီကပဲပြန်ပြီးစီမံခန့်ခွဲပေးတာမျိုး လုပ်ပေးပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ရရှိထားတဲ့ စ တော့တွေနဲ့ပတ်သက်ပြီး ပုံမှန်အစီရင်ခံစာတွေရရှိနေမှာဖြစ်ပြီး သူတို့အလုပ်ကထွက်တဲ့အခါ ရရှိထား တဲ့စတော့တွေကိုကုမ္ပဏီကိုပြန်ရောင်းခဲ့တာပဲဖြစ်ဖြစ်၊ ဈေးကွက်ဝင်ပြီးသားကုမ္ပဏီဆိုရင် စတော့ရှယ် ယာ ဈေးကွက်ထဲမှာပဲပြန်လည်ရောင်းချတာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
Employee Stock Ownership Plans ဟာဆိုရင် အသုံးအများဆုံး Employee Ownership Plans ပဲဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ၁၉၈ဝ ခုနှစ်မှာ Employee Stock Ownership Plans မှာ ပါဝင် ခွင့်ရတဲ့ဝန်ထမ်းဦးရေ ( ၃ ) သန်းပဲရှိရာကနေ အခုအချိန်မှာ ( ၁၂ )သန်း ကျော်လောက်အထိရှိနေပြီးဖြစ် တာ တွေ့ရပါတယ်။ ပုံ ( ၂ ) ကိုကြည့်ရင် အမေရိကန်နိုင်ငံမှာ Employee Stock Ownership Plans ကျင့်သုံးတဲ့ကုမ္ပဏီအရေအတွက် တဖြည်းဖြည်းနဲ့တိုးတက်များ ပြား လာတာကိုတွေ့နိုင်ပါတယ်။
ပုံ ( ၂ ) Number of Companies with Employee Stock Ownership Plans

Employee Stock Ownership Plans ဟာလဲအကောင်းတွေချည်းပဲစုနေတာတော့မဟုတ်ပါဘူး။ အားနည်းချက်တွေဘက်ကကြည့်မယ်ဆိုရင် ဝန်ထမ်းတွေအတွက် Risk များတယ်လို့တောင် ပြောနိုင်ပါ တယ်။ အမေရိကန်နိုင်ငံမှာဆိုရင် Employee Stock Ownership Plans ရဲ့၅၁ ရာခိုင်နှုန်းကို မိခင် ကုမ္ပဏီ မှာပဲပြန်ပြီးမြှုပ်နှံရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်။ အဲဒီတော့ ကုမ္ပဏီမှအောင်မြင်မှုနည်းပါးလေလေ Employee Stock Ownership Plans ရဲ့တန်ဖိုးလျော့ကျလေလေပဲဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေဆိုရင် ဝန်ထမ်းတွေရဲ့အငြိမ်းစားလစာအတွက် ရန်ပုံငွေအနေနဲ့ Employee Stock Ownership Plans ကိုထား လေ့ ရှိပါတယ်။
ဒါပေမယ့် နိုင်ငံတကာကလုပ်ငန်းရှင်တွေအတွက်ကတော့ Employee Stock Ownership Plans ရဲ့ အခွန်အခတွေလျော့ကောက်ခံရတာ၊ ငွေကြေးပြန်လည်စီးဝင်တာစတဲ့ အကျိုးကျေးဇူးကို ခံစားနေကြရ ပါတယ်။ နောက်ပြီး ကုမ္ပဏီရဲ့ဂုဏ်သိက္ခာတက်စေတာ၊ ဝန်ထမ်းတွေရဲ့ Commitment ရရှိစေတာစတဲ့ အကျိုးကျေးဇူးတွေလဲရရှိကြပါတယ်။ ဝန်ထမ်းတွေဘက်ကကြည့်မယ်ဆိုရင်တော့ ရှယ်ယာပိုင်ရှင်တစ်ဦး အနေနဲ့ မဲပေးပိုင်ခွင့်ရှိတဲ့အတွက် Corporate Level Decision ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင် ခွင့်ရတာစတဲ့ ကောင်းကျိုးတွေလဲ ရှိပါတယ်။
( ၅ ) အမှုဆောင်အရာရှိများအတွက် ချီးမြှင့်ခြင်း Incentive Pay For Executives
အမှုဆောင်အရာရှိတွေဟာ အဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာ အခြားသာမန်ဝန် ထမ်းတွေနဲ့ ယှဉ်ရင် အများကြီးပိုပြီး လွှမ်းမိုးနိုင်တာ ဖြစ်တဲ့အတွက် အမှုဆောင်အရာရှိတွေကို ချီးမြှင့်တဲ့ ဆုကြေးကိစ္စကိုလဲ အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ Incentive တွေဟာ လုပ်ငန်းစွမ်းဆောင် ရည်ကို လွှမ်းမိုးနိုင်စွမ်းရှိတာဖြစ်တဲ့အတွက် အမှုဆောင်အရာရှိတွေကို ချီးမြှင့်တဲ့ Incentives တွေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေဟာ အဲဒီအမှုဆောင်အရာရှိတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ အဖွဲ့အ စည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာထိရောက်တဲ့အကျိုးသက်ရောက်မှုရှိသင့်ပါတယ်။ အဲဒီအမှု ဆောင်အရာရှိတွေကို အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေကိုပဲ အာရုံစူးစိုက်ပြီး ဆောင်ရွက်စေဖို့အတွက် သူတို့အတွက်ရေတို၊ ရေရှည် Incentives တွေ စီစဉ်ထားရမှာ ဖြစ်ပါတယ်။ ရေကို Short Term Incentive မှာတော့ နှစ်အလိုက်ပေးတဲ့ Bonus ဆုကြေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုပေါ်က ပြန်ရချက်တွေနဲ့ အခြားသောကုမ္ပဏီရဲ့ဦးတည်ချက်နဲ့ ချိတ်ဆက်ထားတဲ့ အကျိုးအမြတ်တွေပါဝင်ပါလိမ့်မယ်။ တစ်ခါတစ် လေကျတော့ အခွန်ရှောင်ဖို့အတွက်တစ်ကယ်ပေးတဲ့ Incentives ကို ပုံစံပြောင်းပြီးပေးလို့လဲ ရပါ တယ်။ ( ဥပမာ ) အဲဒီခံစားခွင့်ကို ပင်စင်နဲ့ရောပေးလိုက်တာမျိုးပေါ့။ ရေရှည် Long Term Incentives မှာတော့ Stock Option နဲ့ Stock Purchase Plan တွေပါပါတယ်။ Long Term Incentives တွေပေးရတဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ အမှုဆောင်အရာရှိတွေအနေနဲ့ ကုမ္ပဏီရဲ့ကောင်းကျိုး ကို အစဉ်တစိုက်ဦးထိပ်ထားပြီး ဆောင်ရွက်ခြင်းအားဖြင့် သူတို့ ပိုင်ဆိုင်တဲ့ Stock တွေရဲ့ တန်ဖိုးတွေ တက်လာပြီး သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေလဲ တိုးပွားလာစေမယ်လို့ ယုံကြည်ခံစားစေဖို့ ဖြစ်ပါတယ်။
တစ်ခါတလေကျတော့ တွေ့ရတတ်တာက ကုမ္ပဏီက မြတ်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အမှု ဆောင်အရာရှိချုပ်တွေရဲ့ ခံစားခွင့်တွေက တဖြည်းဖြည်းနဲ့ပိုပြီး များပြားလာတာလဲ တွေ့ရတတ်ပါတယ်။ တစ်ကယ်တမ်းလူတွေ ဖြစ်စေချင်တာက C.E.O အနေနဲ့ ကုမ္ပဏီအတွက် အမြတ်များများရအောင်လဲ ဖန်တီးပေးဖို့ပါ။
ကုမ္ပဏီပိုင်ရှင် ( Share Holders ) တွေဘက်ကကြည့်ရင်တော့ မန်နေဂျာတွေကို သူတို့ပိုင်ရှင် တွေရဲ့ဘက်ကဝင်ပြီး ခံစားကြည့်စေချင်ပါတယ်။ သူတို့တွေဟာ မန်နေဂျာတွေကို ကုမ္ပဏီရဲ့အကျိုးအ မြတ် စတော့ဈေးနှုန်းတွေအပေါ်မှာ အာရုံစူးစိုက်စေချင်ကြပါတယ်။ ဒါကြောင့်မို့လို့လဲ Incentive Pay တွေပေးဖို့ ဆောင်ရွက်ကြတာပါ။ အဓိကကတော့ Performance တက်လာတာနဲ့အမျှ Incentive တွေလဲ လိုက်ပြီး တက်လာတာမျိုးလုပ်ကြပါတယ်။
အခုကျွန်တော်တို့ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် လိုအပ် ချက်တစ်ရပ်ဖြစ်တဲ့ လစာနှုန်းထားတွေသတ်မှတ်ြခင်း၊ ပြီးတဲ့အခါ လုပ်သင့်လုပ်ထိုက်တဲ့နည်းလမ်းတခု ဖြစ်တဲ့ လစာမဟုတ်သောအခြားသောချီးမြှင့်မှုတွေကို စဉ်းစားခဲ့ပြီးကြပါပြီ။ အဲဒီတော့ လစာမဟုတ် သော အခြားသောချီးမြှင့်မှုတွေရဲ့ ကောင်းကျိုးဆိုးပြစ်ကို သိဖို့လိုလာပါတယ်။ တခုချင်းစီပြန်ပြီး ကြည့် ကြရ အောင်။
မင်းခေါင် ( EMPA – 8 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: