MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ကျွန်တော်ရင်မောခဲ့ဖူးသော ကီပင်တစ်ယောက်

ကျွန်တော် ရင်မောခဲ့ဖူးသော မိန်းမတစ် ယောက်ရှိခဲ့ဖူးသည်။ သူမကို မြင်တိုင်း သူမ၏ ငြိမ်းငြိမ်းချမ်းချမ်း အပြုံးပန်းတစ်ပွင့်ကိုမြင်တိုင်း သက်ပြင်းများအခါခါနှင့် ကျွန်တော်ရင်မောခဲ့ရ သည်။

သူမသည် ကျွန်တော်တို့နှင့် တစ်တိုက် တည်း၊ လှိုင်မြို့နယ်အတွင်း လူလတ်တန်းစား များ နေထိုင်ရာအိမ်ရာတစ်ခုတွင် မြေညီထပ် ၌နေထိုင်သည်။ သူမတွင် အမေ ၁၊ အစ်မ ၁၊ အမေရော အစ်မပါ အလုပ်လက်မဲ့၊ အစ်မမှာ ယောက်ျားနှင့်ကွဲနေသည့်အပြင်
ကလေးတစ် ယောက်နှင့်။ သူမကိုယ်တိုင်ကလည်း အလုပ်မရှိ ကျောင်းသူ။

သူမကို ကျွန်တော်စတွေ့တော့ အလွန် ဆုံးရှိမှ ၂၃ နှစ်ထက် လုံးဝမကျော်။ ယောက်ျား တစ်ယောက်ကို ဆွဲခါနိုင်သည့် ရမ္မက် ခပ်ပြင်း ပြင်းအလှမျိုး မရှိသော်လည်း မြင်လိုက်တာနဲ့ ချစ်ခင်ဖွယ်ရာ အလှမျိုးကိုတော့ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ၏ အထူးခြားဆုံးကို ပြော ပါဆိုရင်တော့ ငြိမ်းချမ်းသော အပြုံးတစ်ပွင့်။

သူမကို ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ နှစ်ကျောင်းသူတစ်ဦးဟု သိလိုက်ရသည့်အချိန် တွင် ခြေထောက်အောက် မြွေတစ်ကောင်ဖြတ် ဝင်လာသလို ထမခုန်မိအောင် ကျွန်တော် ထိန်းချုပ်ထားရသည်။ အံ့သြလွန်းမက အံ့သြရ သော်လည်း ကျွန်တော် နားကြားမလွဲ တာတော့ သေချာသည်။

တစ်ရက်၊ ကွန်ပျူတာတက္ကသိုလ်သို့ ကိစ္စ တစ်ခုနှင့် အရောက် သူမနှင့် တည့်တည့်တိုး တော့သည်။ သူမကလည်း ကျွန်တော့်ကိုမြင် တော့ ပါးစပ်အဟောင်းသား။ ပါးနပ်မှုရှိပြီး လျင်မြန်သော သူမက ချက်ချင်းဆိုသလို ကျွန် တော့်ကို လာနှုတ်ဆက်ပြီး ကန်တင်းခဏထိုင် ဖို့ရာ အတင်းခေါ်တော့ သည်။

ကျွန်တော်နဲ့သူမကြား အိမ်နီးချင်းတွေမို့ မြင်ဖူးတွေ့ဖူး မျက်မှန်း တန်းဖူးရုံကလွဲ၍ ရယ် ပြပြုံးပြအဆင့်ပင်မရှိခဲ့။ ကန်တင်းကိုရောက် တော့ ပထမ၊ ကျွန်တော့်၏ လာရင်းကိစ္စကို မေးသည်။ ကွန်ပျူတာတက္ကသိုလ်တွင် ဆရာ လုပ်နေသော သူငယ်ချင်းထံ လာကြောင်းပြော ပြတော့ သူမ၏ မျက်နှာမှာ အလိုလို အိုစာ သွားသည်။

”အစ်ကို ညီမအကြောင်း ဒီမှာ ဘယ်သူ မှ မသိကြဘူး။ ဘယ်သူမှ လည်း မသိစေချင် ဘူး” ဟုဆိုတော့၊ ကျွန်တော်လည်း စိတ်မ ကောင်းကြီး စွာဖြင့် ‘စိတ်ချပါ’ ဆိုသည့်စကား ကို အထပ်ထပ်ပြောမိသည်။

ကွန်ပျူတာတက္ကသိုလ်မှ အပြန်လမ်းတစ် လျှောက် သူမသည်သာ ကျွန်တော့်၏အတွေး ကို သိမ်းပိုက်ထားသည်။ ကီပင်တစ်ယောက် ကို ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်း သူဟု ကျွန်တော် ဘယ်ထင်ထားပါ့မလဲ။ ကျွန်တော့်အတွက် ရင်မောဖွယ်ရာ မိန်းမ တစ် ယောက်။

သူမကိုင်ထားသည့် ဟန်းဖုန်း (ထိုအချိန် က ဟန်းဖုန်းတန်ဖိုးမှာ သိန်း ၃ဝ ဝန်းကျင်ရှိ သည်)။ သူမသုံးနေသည့် ငွေ၊ သူမစားနေသည့် ထမင်း၊ သူမငှားနေသည့်အိမ်။ သူမနှင့် သူမ မိသားစု၏ လုံခြုံမှုကို ကီပင်ဘဝမှသာ ရယူနိုင် ခဲ့သည်။ ”ညီမလည်း ဘယ်ဖြစ်ချင်ပါ့မလဲ။ ကိုယ့်အိမ်ပတ်ဝန်း ကျင်မှာ ကီပင်တစ်ယောက် လို အကြည့်ခံရဲပေမယ့် ဒီကျောင်းမှာတော့ အဲ ဒီလို အကြည့်မခံရဲဘူး” တဲ့လေ။

တိုးလျှိုးတောင်းပန်နေသော မျက်ဝန်း တစ်စုံ၏ နောက်တွင် ဘာတွေ ဘယ်လိုရှိမလဲ တော့မသိ။ ည ၇ နာရီလောက်ဆို သူမ၏ ဘော့စ်က ရောက်လာလေ့ရှိသည်။ ရာသီဥတု ကြည်လင်သော ညမျိုးတွင် သူတို့အတွဲ ကြည် လင်သောရယ်သံများဖြင့် ကြက်တောင် ရိုက်လေ့ ရှိသည်။ သူမ၏ ဘော့စ်က အသားမည်းမည်း၊ ဗိုက်ရွှဲရွှဲ၊ အသက် ၄ဝ နှစ်ဝန်းကျင်။ ပုံမှန်အား ဖြင့် ည ၁၁ နာရီ အလွန်ဆုံး ဘော့စ်က ပြန် ပြီ။

သူမ၏စိတ်ထဲတွင် ကျင့်သားရသွားပြီမို့ လားမသိ။ ရပ်ကွက်တွင်း ဆက်ဆံရေးတွင် သက်သောင့်သက်သာပင်။ ဘော့စ်၏ လက်ကို မြဲမြံစွာ ကိုင်လျက်။ လမ်းထိပ်လက်ဖက်ရည် ဆိုင် ထိုင်ပြီဆိုလျှင် လည်း ဘော့စ် အပေါ် ချွဲချွဲ နွဲ့နွဲ့။ ကျွန်တော့်စိတ်ထင် ဘော့စ်နှင့် ဆက်ဆံ ရေးတွင် ပုံမှန်နှင့်မတူ ခပ်ချွဲချွဲ၊ ကလက်တက် တက်။

သူမ၏ ထူးခြားချက်မှာ အခြားကီပင်များ ကဲ့သို့ ကီပင်ဟန် မရှိခြင်းပင်ဖြစ်သည်။ ကီပင် အများစုမှာ သူတို့၏ ညှိုးငယ်မှု၊ သူတို့၏ မလုံ မလဲဖြစ်မှုများအပေါ် တင်းခံရင်း ပတ်ဝန်းကျင် နှင့် ဆက်ဆံရာတွင် ဘာကိုမှ ဂရုမစိုက်သလို မောက်မာလေ့ရှိကြသည်။

ထိုသို့သော ကီပင်ဟန်မျိုး သူမတွင်မရှိ။ ပတ်ဝန်းကျင်အပေါ် လိုက်လျောညီထွေ ဆက် ဆံလေ့ရှိသလို၊ မရှိဆင်းရဲသားများကို လှူလေ့ တန်းလေ့ရှိသဖြင့်၊ ပတ်ဝန်းကျင်ကလည်း သူမ ကို ခင်ကြသည်။ ကျွန်တော် မြင်မိသလောက် သူမမှာ နှစ်မျက်နှာမိန်းမ။ သူမ၏ ပင်ကိုယ် သဘာဝက အဖြူဓာတ်များသလောက်၊ သူမ၏ ဘဝပေးမျက်နှာ က ရောင်စုံပွင့်လို့သာ။

တစ်ည၊ ကျွန်တော်၏ အိပ်မရသော တစ်ည။ ည ၂ နာရီခန့်တွင် ဝရန်တာထွက်ရပ် ပြီး တွေးနေငေးနေခိုက် သူမ၏ အိမ်ရှေ့ ကား တစ်စီး ထိုးဆိုက်လာ။ ကားပေါ်မှာတော့ ချာ တိတ် ၃ ယောက်။ မကြာခင်မှာပဲ ကားတံခါး ဖွင့်ပြီး ဝင်သွားသော သူမကို တွေ့လိုက်ရ သည်။

သူမကတော့ ဘယ်လိုနေလဲမသိ။ ကျွန် တော့်မှာတော့ ကတုန်ကယင်။ သူမ၏ ဘော့စ် သိသွားလျှင် သူမ၏ ဘဝအဓိပ္ပာယ်ချက်ချင်း ဆိုသလိုပျက် သွားနိုင်သည့်ကိန်း။ နောက်တစ် ည ကျွန်တော်ဆက်စောင့်ကြည့်တော့၊ ထပ်သွား သည်ကိုမတွေ့။ နောက် ၁ဝ ရက်လောက်ကြာ တော့ နောက် တစ်ခေါက်ထပ်လိုက်သွားသည်ကို တွေ့ရပြန်သည်။ ကီပင်အဆင့်မှ ရံဖန်ရံခါ ကြေးစားအဆင့်။ သူ့ဘော့စ်သာသိသွားခဲ့လျှင်၊ ပုံမှန် ကြေးစားအဆင့်သို့ သက်ဆင်းသွားနိုင် သည့် အနေအထား။

ကျွန်တော်နဲ့သူမ ခင်မင်နေကြပြီမို့ တစ် ရက် လမ်းမှာဆုံမိတော့ ဆက်မလုပ်ဖို့တားမိ သည်။ သူမက မိသားစုကိစ္စငွေလိုနေတဲ့အ ကြောင်း၊ အခွင့်အရေးယူသည်ဟု ထင်မှာစိုး၍ ဘော့စ်ထံမှလည်း ထပ်မတောင်း ချင်ကြောင်း အတတ်နိုင်ဆုံး ထပ်မလုပ်ဖို့ သူမကိုယ်သူမ ဆုံးမနေကြောင်း ပြောသည်။

လမ်းခွဲခါနီးကျတော့ ”ညီမက ဘော့စ်နဲ့ပဲ စတွေ့ခဲ့ဖူးတာ။ တစ်ခါတလေကျတော့ ကိုယ် နဲ့ရွယ်တူ နုပျိုတဲ့ ယောက်ျားတွေရဲ့ အချစ်ကို လိုချင်မိတယ်။ ငွေကလည်း တကယ်လိုနေ တော့၊ အခုလိုက်တာလည်း ညီမအရွယ်ငယ်ငယ် တွေနဲ့ပဲ” ဟုပြောသွားသည်။

နောက်ထပ် တစ်လလောက်အကြာ၊ သူမ နဲ့ထပ်ဆုံပြန်တော့၊ သူမလိုက်ခဲ့ဖူးသည့် အထဲမှ ချာတိတ်တစ်ယောက်နှင့် ငြိနေသည်တဲ့။ သူတို့ ၏ ဆက်ဆံရေးတွင် ငွေရေးကြေးရေးမပါ။ ပေး လျှင်ယူသည်သာ။ ဘော့စ် မသိအောင် ညသန်း ခေါင်ကျော်မှသာ တစ်ပတ်မှာတစ်ကြိမ်ေ လာက် တွေ့ဖြစ်ကြသည်ဟု ဆိုပြန်သည်။

”ညီမရဲ့ ဘဝကတော့ ဘော့စ်ပေါ့။ ဒီ ချာတိတ်ကတော့ ရင်ခုန်သံပေါ့” ဟုပြော သည်။ သူမ၏ ပုံစံက ရင်ခုန်သံတထိတ်ထိတ် ဖြင့် ကျေနပ်ေ နသည့်ပုံ၊ ကျွန်တော်လည်း သူမ ကို ဒုက္ခမရောက်စေချင်စိတ်ဖြင့် ရင်ထိတ်နေမိ သည်။

သူမလျှောက်နေသည်မှာ ကီပင်တို့၏ သွားရာလမ်း၊ ဘော့စ်က တစ်ယောက်၊ ရင်ခုန် စရာကတစ်ယောက်။ လိင်သည် သူမ၏ တိုး တက်ရာတိုးတက်ကြောင်းဖြစ်သလို၊ အပန်းဖြေ ဇိမ်ခံစရာလည်းဖြစ်သည်။ ဘယ်တော့လောက် များ ဘော့စ်ကသိပြီး ထားခဲ့မလဲ(ဒါမှမဟုတ် )။ ဘော့စ်တို့၏ ထုံးစံအတိုင်း ရိုးသွားအီသွား သောတစ်နေ့၊ ထားခဲ့ခြင်းနှင့် တွေ့ပြီး နောက် တစ်ယောက်ထံ ပြေးကပ်ရမည်လား။ ထိုသို့ ပြေးကပ်ရင်း တစ်ယောက်ပြီးတစ်ယောက်၊ နောက်ဆုံးတော့ အလှတွေလည်းပြာကျကာ ဒုက္ခတွေ့မည်လား။

ကျွန်တော်ရိုးသားစွာ ရင်ထိတ်ခဲ့ရသော ထိုအမျိုးသမီးသည် ကျွန်တော်တို့ ဝန်းကျင်မှ ပြောင်းသွားပြီးနောက် ဘယ်ဆီရောက်နေမှန်း မသိ၊ မေ့သလောက်ရှိသွားသည်။

ပြီးခဲ့သည့် ၃ လခန့်က ကျွန်တော်တို့ တိုက်ခန်းနားတွင် ပြန်တွေ့တော့ သူမသည် ကလေးတစ်ယောက်အမေ။ သူမ၏ အလှသည် နည်းနည်းပါးပါး ရင့်သွားသော်လည်း လှလို့ပ လို့ကောင်းတုန်း။ သူမ၏သမီးမှာ သူမလို ဝင်း ဝင်းပပ။

သူမ၏ ဘော့စ်က သူမကို တရားဝင်လက် ထပ်ခဲ့သည်တဲ့။ ”မယားငယ်ဆိုပေမယ့် ဒါ ငါ့ ယောက်ျားလို့ တရားဝင်ပြောနိုင်တယ်လေ။ သမီးကိုလည်း သူ သိပ်ချစ်တော့ ညီမကံကောင်း တာပေါ့။ အရင်လို စိတ်လည်း ညီမမှာမရှိတော့ ဘူး” ဟု သူမက ပြောပြသည်။

”ညီမသိတယ်။ ကီပင်ကနေ မယားငယ် ဖြစ်ဖို့ မလွယ်ဘူးဆိုတာ၊ ညီမကံကောင်းတာ၊ ကံဆိုတာလည်း အမြဲတမ်း မကောင်းနိုင်ေ တာ့၊ ကောင်းခဲ့တဲ့ ကံကို ကိုယ့်ကြောင့် ထပ်မပျက် အောင် အမြဲတမ်း ထိန်းသိမ်းတယ်” ဟု သူမ က ဆက်ပြောသည်။

ကျွန်တော့်ရင်မောခဲ့ဖူးသော ထိုမိန်းမသည် စတီယာတိုင်ကို ကျွမ်း ကျင်စွာ ကိုင်လို့၊ ကံ ကောင်းခြင်းများစွာဖြင့် ကျွန်တော့်ကို လက်ပြ ထွက်ခွာသွားသည်။

ရှင်းသန့်လင်း

Mr.Magazine Link >>> https://www.facebook.com/Magazine.Mr

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: