MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ပညာကို ထိရောက်စွာ အသုံးချခြင်း အပိုင်း (၆)

နေဇင်လတ်
JOB seekers Journal( Vol.2 No.12-24.8.2013)
နောက်Slideတစ်ခုကတော့
IQ , EQ , SQ ဆိုတဲ့ အရည် အချင်း သုံးမျိုးအကြောင်းဖြစ်ပါ တယ်။ ဘမောင်တို့ ငယ်ငယ်တုန်း IQ (Intelligence Quotient) ဆို တဲ့ဥာဏ်ရည်ဥာဏ်သွေးကို အင်မ တန်မှ ရှေ့တန်းတင်ခဲ့ကြတယ်။ လူ လတ်ပိုင်းရောက်တော့EQ (Emotional Quotient) ရဲ့ အရေးပါလာ ပုံကို ထုတ်ဖော်လာခဲ့ကြပါတယ်။EQ ဆိုတာက စိတ်ခံစားမှုနဲ့ ဆိုင် တဲ့ အရည်အသွေးပါ။ မှန်တော့ လည်း မှန်ပါတယ်။ လူတစ်ဦး တစ် ယောက်က ဘယ်လောက်ပဲ ဉဏ် ရည်ဉဏ်သွေး မြင့်မားတယ်ဆိုပေ မယ့်ခံစားမှု၊ နိုးကြားမှုမရှိရင် ဘာမှ လုပ်နိုင်မှာ မဟုတ်လို့ ရလဒ်ထွက် လာမှာလည်း မဟုတ်ပါဘူး။ ဒါ ကြောင့် ဘမောင်ကIQ ကို Moving force ရွေ့လျားစေတဲ့ အားလို့ နာမည်ပေးပြီး EQ ကိုDriving forceဆိုတဲ့တွန်းအားဆိုပြီး အမည် ပေးပါတယ်။
ဒီနေရာမှာ ဘာသွားတွေ့ရမလဲ ဆိုရင် မောင်းနှင်အားကြောင့်ရွေ့ လျားတယ်ဆိုပေမယ့် လမ်းကြောင်း မှန်ဖြစ်/မဖြစ်က မသေချာသေး တာသွားတွေ့ရပါလိမ့်မယ်။ နောက် ပိုင်း ထပ်ပြီး တွေ့လာတာကတော့SQ ဆိုတဲ့ Spiritual Quotient ဆို တဲ့ သိက်္ခာပိုင်းဆိုင်ရာ စိတ်အရည် အချင်းပဲဖြစ်ပါတယ်။
သိပ်္ပံပညာရှင်ကြီး အိုင်းစတိုင်း က IQ ရောEQ ရော ကောင်းပြီးSQ ပါ ကောင်းတဲ့အတွက်ကြောင့် E = MC2 ကို ထုတ်ဖော်ခဲ့တယ်။ လူသားအကျိုးပြုရေးအတွက်အသုံး ချနိုင်ဖို့လည်းရည်ရွယ်ခဲ့ဟန်ရှိတယ်။ ဒါပေမဲ့SQကို တလွဲသုံးတဲ့သူတွေ က နျူကလီးယားကို စစ်ပွဲတွေမှာ အသုံးပြုခဲ့တာတွေဟာ သာဓက ကောင်းဖြစ်လာပါလိမ့်မယ်။ မှန်ကန် စွာသုံးရင်SQ အားကောင်းသူ ဖြစ် ပြီး၊ တလွဲသုံးရင်SQ အားနည်းသူ ဖြစ်သွားမှာပါ။ ဒါကြောင်SQ ကို Guiding force ဆိုတဲ့ ထိန်းသိမ်းစွမ်းအားလို့ အမည် ပေး လိုက်တယ်။
နိုင်ငံရေးသမားတွေဟာ “မဲ” ရဖို့ “ထောက်ခံဖို့” သက်သက်ပဲ ဆောင်ရွက်နေမယ်ဆိုရင် IQနဲ့EQ ရှိကောင်းရှိမယ်။ SQ ပျောက်နေ တဲ့အတွက် မှန်ကန်တဲ့ နိုင်ငံရေးသ မားကောင်းဖြစ်လာမှာမဟုတ်ပါဘူး။Statesman ဆိုတဲ့ တိုင်းကျိုးပြည်ပြု ပုဂ်္ဂိုလ်တွေကတော့ SQ ကောင်း တွေ ပိုင်ဆိုင်ကြသူတွေမို့ “မဲ” များ များရမှာကို မတွေးတော့ဘဲ နိုင်ငံနဲ့ လူမျိုးအတွက်ပဲ စဉ်းစားလေ့ရှိကြ တာဟာ အကွာကြီးကွာသွားတဲ့ အ ရည်အချင်းဆိုတာ တွေ့လာရမှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေ များများ ဖြစ်လာဖို့၊ မျိုးဆက်သစ်တွေမှာIQ,EQ ,SQ သုံးမျိုးသော အရည်အ သွေးတွေကို ပိုင်ဆိုင်ကြတဲ့သူတွေ ဖြစ်ဖို့ ရည်စူးပြီး ဆွေးနွေးခဲ့ခြင်းဖြစ် ပါတယ်။ တချို့နိုင်ငံချင်းအထောက် အပံ့တွေကိုရယူပြီး နိုင်ငံမတည်မ ငြိမ်ဖြစ်အောင် လုပ်နေသူတွေကို သတိထားမိကြပါလိမ့်မယ်။SQချို့ တဲ့သူများ၊ တစ်ကိုယ်ကောင်းဆန် ပြီး နိုင်ငံအနာဂတ်ကို အကျိုးစီးပွား နဲ့အလဲအလှယ်လုပ်နေကြသူများလို့ ဆိုချင်ပါတယ်။
အပိုင်း (၄)
Smartness
နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ပညာကို ဘယ်လောက် အထိ အကျိုးအရှိဆုံး အသုံးချနိုင် သလဲဆိုတာကို ဆွေးနွေးလိုတဲ့အ ပိုင်း ဖြစ်ပါတယ်။ အတိုချုပ်စာလေး (၂)ကြောင်းပဲအောက်ကရေးပြထား လိုက်တယ်။
– It is about intelligence, cleverness.
– It also is about your wisdom.
ဟုတ်ပါတယ်။ ကိုယ့်ရဲ့ ဉဏ် ရည်ဉဏ်သွေး၊ လိမ်္မာပါးနပ်မှုနဲ့ ဆိုင်တဲ့အရာ ဖြစ်သလို၊ ကိုယ်ရဲ့ ဘယ်လောက်အထိ ပညာကြီးသလဲ ဆိုတာနဲ့လည်းသက်ဆိုင်နေပါတယ်။
• လူတိုင်းဟာ ကိုယ့်ကိုယ်ကို တော်နေကြတယ်လို့ ထင်တတ်ကြ တယ်။
• ဘယ်အဆင့်ရှိတဲ့ ““တော်ခြင်း၊ တတ်ခြင်း”” မျိုး ဖြစ်သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်။
• မှန်ပါတယ်။ အသက်၊ဘွဲ့ပညာ တွေဟာ ပညာဖြစ်စေတဲ့ အရာ ဖြစ်ပေမယ့်၊
• အတွေ့အကြုံက ပေးတာတွေ ကလည်း ပညာဖြစ်နေပါတယ်။
• ကိုယ့်ပညာကို ဘယ်လောက် မှန်ကန်စွာ အသုံးချနိုင်သလဲဆိုတာ ကိုယ့်ရဲ့ဘယ်လောက်Smart ဖြစ် သလဲဆိုတာပါပဲ။
• လူတစ်ယောက်ရဲ့ Smart ဖြစ်မှုဟာ အခြားအရာတွေနဲ့လည်း ဆက်စပ်မှု ရှိနေတယ်ဆိုတာ သိ ထားသင့်ပါတယ်။
လူတွေဟာ ကိုယ်လုပ်ခဲ့တဲ့အ လုပ်တွေအပေါ်မှာ လိုအပ်တာ ထက် ပိုပြီးဂုဏ်ယူတတ်ကြတာကို သတိထားမိတယ်။ သူများထက် လည်း ပိုပြီးသိတယ်။ တတ်တယ်လို့ ယူဆတတ်ကြတယ်။
– မူလတန်းကျောင်းသား လက် ခုပ်တီးအောင် ပြောနိုင်ရင်လည်း တော်သူတစ်ဦးပါပဲ။ ဒါပေမဲ့ မူလ တန်း အဆင့်နဲ့ယှဉ်တဲ့ တော်ခြင်းမျှ သာဖြစ်တယ်ဆိုတာ သိထားသင့် တယ်။
– ဘွဲ့ရတွေ ထောက်ခံအောင် ပြောနိုင်ရင်လည်း တော်တဲ့သူ တစ် ဦးပါပဲ။ဒါပေမဲ့ ဘွဲ့ရလောက်နဲ့ ယှဉ် တဲ့တော်ခြင်းပါပဲ။
– ပါမောက်္ခတွေ ခေါင်းညိတ် သွားအောင်ပြောနိုင်ရင်လည်း လူ တော်ပါပဲ။ ပါမောက်္ခအဆင့်နဲ့ ယှဉ် တဲ့ တော်ခြင်းပါ။
လူတစ်ဦးတစ်ယောက် ဘယ် လောက် တော်တယ်။ ပညာကြီး တယ်ဆိုတာကို အထက်က ပေးတဲ့ ဥပမာနဲ့ ယှဉ်လိုက်ရင် ကိုယ့်ရဲ့ ““ပညာနဲ့တော်တဲ့အဆင့်”” ကို မှန် မှန်ကန်ကန်သိလာမှာဖြစ်လို့၊ တစ်စုံ တစ်ရာတော့ မှတ်ကျောက်တင် ခံကြည့်ကြသင့်ပါတယ်။တော်တယ်၊ ညံ့တယ်ဆိုတာ နှိုင်းရ သဘောတွေ သာဖြစ်ပါတယ်။ ခပ်ညံ့ညံ့နဲ့ ယှဉ်ပြီး တော်တာမျိုးထက်၊ တော်တဲ့သူအ ချင်းချင်းယှဉ်တဲ့ တော်ခြင်းမျိုးက သာ အခုခေတ်မှာ တန်းဝင်မှာ ဖြစ် တယ်။
x x x Human Right ဆိုတဲ့ လူ့အ ခွင့်အရေးဟာ အခုအခါမှာ အတော် ကြီးကို ရေပန်းစားနေတဲ့ စကားလုံး ပါ။ ဘမောင်တို့အနေနဲ့ နေရာတ ကာတိုင်းမှာ၊ အချိန်တိုင်းမှာ လူ့အ ခွင့်အရေးနဲ့တိုင်းတာလို့ရပါသလား။ လူ့အခွင့်အရေး ရှုထောင့်ကချည်း ကြည့်လို့ရပါသလား။
ဥပမာအားဖြင့် အနောက်နိုင် ငံက ““No human rights for terrorists”” ဆိုတဲ့ စာတမ်းကိုင်ထား ကြသူတွေရဲ့ပုံကို ပြလိုက်ပါတယ်။ အကြမ်းဖက်သမားတွေကို လူ့အ ခွင့်အရေး ဘယ်လောက်အထိ ပေး နိုင်ပါသလဲ။ လူ့အခွင့်အရေးမှာ အခြေခံအားဖြင့် ကဏ္ဍ (၅) မျိုး ရှိတယ်။
(1) Civil Rights
(2) Political Rights
(3) Economic Eights
(4) Social Rights
(5) Cultural Rights ဆိုပြီး ဖြစ်တယ်။
အပိုင်းကြီး (၂) ပိုင်း ခွဲထားပါသေး တယ်။
(က) Absolute Right
(ခ) Qualify Rights ဆိုပြီး ဖြစ်တယ်။
Absolute rightမှာ ညှင်းပန်း နှိပ်စက်ခြင်းဆိုတဲ့Torture၊ ကျွန် ပြုခြင်းဆိုတဲ့Slaveryကိုတော့ နိုင်ငံ တိုင်းက မဖြစ်မနေ လိုက်နာကြရ မယ့်အခွင့်အရေးမျိုး ဖြစ်ပြီး၊Qualify right ဆိုတဲ့ အခွင့်အရေးတွေ ကတော့ ခြွင်းချက် ထားရှိပေးထား ပါတယ်။ ဥပမာအားဖြင့် အရေး ပေါ်ရင် အသက်ပြည့်သူတိုင်း စစ်မှု (၂) နှစ်ထမ်းရမယ်ဆိုတာမျိုး၊ ဘာ နဲ့ပြန်ပြီး ချိန်ဆသလဲဆိုရင် နိုင်ငံ တစ်ခုရဲ့ Sovereignty ဆိုတဲ့ အချုပ်အခြာပိုင်မှု၊ လူမျိုးတစ်မျိုးရဲ့ Culture ဆိုတဲ့ ယဉ်ကျေးမှု၊ လူမျိုး တစ်မျိုးရဲ့Identityဆိုတဲ့ လက်္ခဏာ တွေနဲ့ ချိန်ဆပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ကဏ္ဍ (၅) ခုက အခွင့်အရေးတွေဆိုတာ လည်း နိုင်ငံတစ်ခု တိုးတက်ဖွံ့ဖြိုး လာမှု၊ ဒီမိုကရေစီ အလေ့အကျင့် ရင့်ကျက်လာမှုနဲ့လည်း သက်ဆိုင် နေပြန်ပါတယ်။ ဒါကြောင့် ဒီမိုက ရေစီ (၂) နှစ်သားရဲ့ အခွင့်အရေး တွေကို ဒီမိုကရေစီနှစ်(၂၀၀) ကျော် ကျင့်သုံးပြီးတဲ့ နိုင်ငံနဲ့နှိုင်းယှဉ်ရင် တော့ ဘယ်တော့မှကျေနပ်နိုင်မယ့် အဆင့်ကိုတွေ့ရမှာ မဟုတ်ပါဘူး။
ပြောချင်တာက ““လူ့အခွင့်အ ရေး””ကို မှန်မှန်ကန်ကန် အသုံးပြု ကြဖို့ပဲဖြစ်ပါတယ်။ ဝေဖန်စရာရှိရင် လူ့အခွင့်အရေးနဲ့ ကိုင်ပေါက်ပြီး၊ မသိချင်ဟန်ဆောင်ချင်နေတဲ့နေရာ မျိုးကျတော့ လူ့အခွင့်အရေးကို ထုတ်မပြောတာမျိုး မဖြစ်စေသင့်ဘူး ဆိုတာပါပဲ။
ပြီးတော့ လူ့အခွင့်အရေးဆို တာယေဘုယျအားဖြင့် လက်ခံထား ပေမယ့် ““လူ့အဖွဲ့အစည်းတစ်ခုရဲ့ အခွင့်အရေး”” ““လူမျိုးတစ်မျိုးရဲ့ အခွင့်အရေး”” ““နိုင်ငံတစ်ခုရဲ့ အခွင့် အရေး”” တွေကိုလည်း မေ့မထားကြ ဖို့ပါ။ စင်ကာပူမှာ ဘာသာတစ်ခု ထဲအတွက်လက်ထပ်ရုံးတစ်ရုံးထား ပြီး၊ ကျန်တဲ့ဘာသာဝင်တွေအတွက် လက်ထပ်ရုံးတစ်ရုံး ထားပေးထား တာကို လူ့အခွင့်အရေး ရှုထောင့်က အပြစ်တင်လို့ မရခဲ့ပါဘူး။ သူ့နိုင်ငံ၊ သူ့အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်သွားတာမျိုး ဖြစ်ပါ တယ်။ အမေရိကန်တွေရဲ့ အီရတ် အပေါ်စစ်တိုက်ခဲ့တာလည်းအကြမ်း ဖက်ခံရမှာစိုးလို့ ကြိုတင်လက်ဦး မှုရယူပြီး တိုက်ခဲ့တာလို့ ပြောထား ပါတယ်။ ဘယ်လိုလူ့အခွင့်အရေးရှု ထောင့်က ဝေဖန်ကြမှာလဲဆိုတာ သိမြင်စေချင်တဲ့ သာဓက ဖြစ်ပါ တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: