MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

ပညာကို ထိရောက်စွာ အသုံးချခြင်း အပိုင်း (၅)

နေဇင်လတ်
JOB seekers Journal (Vol.2 No.11-17.8.2013)
ဘမောင် နောက်တစ်ခါပြ လိုက်တဲ့Slide ကအောက်ပါဖော်ပြထား တဲ့ပုံပါ။ “Equality” ဆိုတဲ့ “ညီမျှခြင်း”နဲJustice ဆိုတဲ့ “တရား မျှတခြင်း”သဘောတွေ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို ရှင်းပြချင်လို့ ဖြစ်ပါတယ်။
ဦးဆုံးမေးထားတဲ့ မေးခွန်း က…
Does ”Equality” mean ” Justice”?
ညီမျှခြင်းဟာ တရားမျှတခြင်း အဓိပ်္ပာယ်ဖြစ်ပါသလားတဲ့။
ပုံ (၂) ပုံကို နှိုင်းယှဉ်ပြထားပါ တယ်။ ဘယ်ဘက်ကပုံမှာ အရွယ် မတူတဲ့ ကလေးသုံးယောက်ကို “အမြင့်တူ” တဲ့ သေတ်္တာပုံး တစ်ခုစီ ပေးထားပါတယ်။အမြင့်တူပေးထား တာခြင်းတူလို့ အဲဒီသဘောက “မျှတခြင်း” (equality) ပဲဖြစ်တယ်။ ဒါပေမဲ့ ပင်ကိုမှာကိုက အရွယ် မတူကြတဲ့အတွက်ကြောင့်တစ်ဖက် ကခရစ်ကတ်ကစားနေတာကိုအငယ် ဆုံးကလေးက မမြင်နိုင်သေးပါဘူး။ ဒုတိယကလေးကလည်း လွတ်လွတ် လပ်လပ်ကြီးမြင်ရသေးတာ မဟုတ် ပြန်ပါဘူး။
ဒုတိယပုံကကလေး (၃) ဦး လုံး မျှမျှတတ မြင်ရအောင်လို့ဆိုပြီး အရပ်အမြင့်ဆုံးကလေးဆီကသေတ်္တာ ပုံးကို တတိယအနိမ့်ဆုံးကလေးဆီ ပေးလိုက်တယ်။ ညာဘက်က ပုံမှာ အားလုံးကတော့ တစ်ဖက် ခရစ် ကတ်က စားပွဲကို ညီတူမျှတူ မြင် သွားကြပါပြီ။ ဒါပေမဲ့ ပထမအရပ် အမြင့်ဆုံးကလေးက သေတ်္တာပုံး ပျောက်သွားပြီး၊ ဒုတိယကလေးက သေတ်္တာပုံးတစ်ပုံးသာ ရပါတယ်။ အရပ်အနိမ့်ဆုံး ကလေးကတော့ သေတ်္တာပုံး (၂) ပုံး ရလိုက်ပါတယ်။ သူတို့(၃) ဦး အထောက်အပံ့မတူ တာကို တွေ့ရမှာဖြစ်ပါတယ်။
အဓိပ်္ပာယ်ကလူတွေမှာ “ပင် ကိုကွာဟချက်” တွေက နဂိုထဲက ရှိပြီးသားပါ။ အစိုးရက မျှမျှတတ အခွင့်အလမ်းပေးရင်တောင်မှ ပင် ကိုကွာဟချက်တွေကို ဖြည့်ဆည်း နိုင်မှာ မဟုတ်သေးပါဘူး။ ကွာဟ ချက်တွေကိုလုံးဝမရှိအောင်အတင်း ညှိယူမယ်ဆိုရင်…ဒုတိယပုံမှာလို တစ်ဦးနဲ့တစ်ဦး“ရနိုင်ပုံ” “အခွင့်အလမ်း” တွေ တူနိုင်ကြမှာ မဟုတ်ပြန်ပါ။ ဒါကြောင့် တစ်ခါတစ်ရံမှာEquality ရှိကြပေမယ့်Justice ဖြစ်ချင်မှ ဖြစ်မှာဖြစ်ပြီး၊Justice ကို အတင်း လုပ်ယူရင်လည်းEquality ကရှိချင် မှရှိမှာ ဖြစ်ပါတယ်။
လက်တွေ့ဥပမာထဲကဆွဲထုတ် ပြီးပြရမယ်ဆိုရင်တော့ဒုတိယကမ်္ဘာ စစ်အတွင်းက အမေရိကန်မှာ နာ မည်ကြီး သူဌေးကြီး ဟိုးဝပ်ဟူးခ်ျ ဆိုတာ ရှိပါတယ်။ ဒေါ်လာ (၃)ဘီ လီယံလောက် ချမ်းသာတယ်လို့ဆို တယ်။ ဒီနေ့ဘီလ်ဂိတ်က ဒေါ်လာ (၇၀) ဘီလီယံနဲ့ အချမ်းသာဆုံး ဖြစ် လာတယ်။ဘီလ်ဂိတ်က ဟူးခ်ျထက် (၂၃)ဆ ပိုပြီး ချမ်းသာလာပေမယ့် အမေရိကန်တွေရဲ့ အနိမ့်ဆုံးလစာ ၀န်ထမ်းတွေမှာတော့ (၂၃) ဆပိုပြီး ရမလာခဲ့ကြပါဘူး။ အဲသလို အမေ ရိကန်မှာ ဆင်းရဲချမ်းသာ ကွာလွန်း သွားတဲ့အတွက်ကြောင့်လည်း “မမျှ တဘူး” “ညီမျှခြင်း” မရှိဘူးလို့ အပြစ် တင်လို့မရပါဘူး။ ဒီမိုကရေစီကို နှစ် ပေါင်း (၂၃၀)ကျော် အလေ့အကျင့် ရပြီးခဲ့တဲ့ အမေရိကန်မှာတောင် ဒီလို ကိစ်္စမျိုးတွေ ရှိနေသေးရင်၊ မြန်မာ့ဒီမိုကရေစီ (၂) နှစ်သားမှာ အများကြီး “ညီမျှခြင်း” မချနိုင်သေး တာကို နားလည်စေလိုတဲ့ သဘော ပဲဖြစ်ပါတယ်။ “ညီမျှခြင်း” နဲ့ “တရား မျှတမှု”ဟာ ထိုက်သင့်သလို ရှိရမယ့် အရာတွေဆိုတာကို လက်ခံထားပါ တယ်။ ဒါပေမဲ့အားလုံး တူညီစွာ ခံစားစေမှုမှာတော့ အကွာအခြား တွေ ရှိနေပါလိမ့်မယ်။
ဘမောင်အနေနဲ့ ဆွေးနွေးနေ တဲ့အဓိကအကျဆုံးအချက်ကအရာ ရာကို ကိုယ်ပိုင်သုံးသပ်ချက်မရှိဘဲနဲ့ “တရားသေလက်ခံ” ထားတာကို ရှောင်ရှားစေချင်တဲ့ သဘောပါပဲ။ ဒီမိုကရေစီလက်္ခဏာတွေကို ခြွင်း ချက်မရှိလက်ခံထားသူပါ။ ဒါပေမဲ့ မပြောင်းလဲနိုင်တဲ့အရာ တချို့ လောက်ကလွဲပြီး၊ ပုံသေနည်းတစ်ခု လိုဖက်တွယ်လွန်တာမျိုး မဖြစ်စေ လိုတာပါပဲ။ ကိုယ်ပိုင်စဉ်းစားဉဏ် မရှိရင်၊ မသုံးသပ်ကြရင်… ကိုယ့် လူမျိုးတွေညံ့သွားမှာ စိုးရိမ်တာမျိုး ပါ။ နောက်မျိုးဆက်တွေကို များ များ စဉ်းစားစေချင်တယ်။ အမှား အမှန်ကို မှန်မှန်ကန်ကန် သုံးသပ် စေချင်တယ်။ ရှေ့လူတွေပြော သွား တာ “ခြွင်းချက်မရှိ” မှန်ရမယ် ဆို တာမျိုးကိုမဖြစ်စေလိုဘူး။ ဘမောင် ဆွေးနွေးတာတွေကိုလည်း စဉ်းစား ပြီးမှ လက်ခံစေချင်တယ်။
(၂၀၁၀) လောက်မှာ ရွေး ကောက်ပွဲတွေလုပ်မယ်။စနစ်ပြောင်း မယ်ဆိုတာသိတော့ ဒီမိုကရေစီ လက်္ခဏာ အသုံးအနှုန်းတွေ ပလူ ပျံထွက်လာတယ်။ အချို့ကလည်း “တရားသေ-ကျက်” ပြီး လူတတ်ကြီး တွေလုပ်တာ တွေ့ခဲ့ရဖူးတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့အတူ အင်မတန်မှခေတ်စားခဲ့တဲ့ စကား လုံးတစ်ခုက…
“Agree to disagree” ဆိုတဲ့ ကွဲပြားခြားနားခွင့်။
လုပ်ငန်းရှင်တစ်ဦးဆိုရင် အဲ ဒီ ကွဲပြားခြားနားခွင့်ကို တရား သေကိုင်ပြီး၊ အစည်းအဝေးတိုင်း မှာဆန့်ကျင်ဘက်ချည်း ပြောတော့၊ ဆွေးနွေးတော့တာပါပဲ။
““ခင်ဗျားတို့ Agree to disagree ကို အလေ့အကျင့် မရသေး ရင် ဘယ်လိုဒီမိုကရေစီနဲ့ တန်မှာ လဲ””ဆိုတဲ့ စကားမျိုးတောင်ပြော လာတဲ့အဆင့်ဖြစ်တယ်။ အရွယ် တွေရလာကြပြီဆိုတာကြောင့် ဘ မောင်က သိပ်မပြောချင်ပေမယ့် ဆရာကြီး သိပ်လုပ်လွန်းနေတာမို့ တစ်ရက်မှာ…
““ခင်ဗျား Disagree to agree ကိုကြားဖူးလား”” လို့ မေးလိုက်ပါ တယ်။ အဲဒီလူ ကြက်သေ-သေ သွားတယ်။ ဒီမိုကရေစီ ရင့်ကျက်မှု ဒီဂရီနဲ့ ဆိုင်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးစမှာ ““တူညီမှုမှ ကွဲပြားမှု သို့””ဆိုတဲ့ ယဉ်ကျေးမှုကိုစပြီး သုံး စွဲရမှာဖြစ်ပြီး၊ ဒီမိုကရေစီရင့်ကျက် လာတဲ့အခါမှာ ““မတူညီမှုတွေက နေ တူညီမှု”” ဆိုတာကိုရအောင် ပြန်ယူတဲ့ယဉ်ကျေးမှုကိုလည်းရောက် ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဒီမိုကရေစီ ဖတ်စာအုပ်ထဲမှာ““ကွဲပြားခြားနား”” ဖို့အဆင့်အထိပဲမှတ်ထားမိတယ်နဲ့ တူပါတယ်။
စီမံခန့်ခွဲရေးနဲ့ Hierarchyဟာ ပိရမစ်ပုံစံပါ။ အခြေခံမှာ ကွဲ ပြားခြားနားမှုတွေ ရှိနေနိုင်ပါတယ်။ အဲဒီခြားနားမှုတွေထဲက “ဘုံ” ဖြစ် တာကို ထုတ်နုတ်ရတယ်။ တဖြည်း ဖြည်းအပေါ်ရောက်လာလေကွဲပြား ခြားနားမှုတွေက လျော့နည်းလာ လေဖြစ်ရပါမယ်။ အဆုံးအဖြတ် ပေးမယ့်နေရာ၊ မူဝါဒချမယ့် နေရာ တွေမှာလည်း အမြဲတမ်း ခြားနား ကွဲပြားနေရင်…အဲဒီအဖွဲ့အစည်း အလုပ်လုပ်လို့မရဘဲ ပျက်စီးသွား မှာ သေချာပါတယ်။ ဒါကြောင့် “တူညီမှုမှကွဲပြားခြားနားမှု” ဆိုတာ ကို တရားသေမှတ်မထားဘဲ၊ ဘယ် အဆင့်၊ ဘယ်အချိန်မှာ ကျင့်သုံးရ မယ်ဆိုတာကို သိထားရမှာ ဖြစ်ပြီး၊ ကွဲပြားခြားနားခြင်းမှ တူညီမှုကို တော့ ဘယ်သောအခါမှ ကျင့်သုံး သင့်တယ်ဆိုတာကိုလည်း သိထား ကြရမှာဖြစ်ပါတယ်။
“Nothing is right in all times and all situations.”
အချိန်တိုင်း၊ အခြေအနေ တိုင်းမှာ မှန်ကန်နေတယ်ဆိုတဲ့ အ ရာဟာ ဘာမှမရှိဘူးဆိုတာသိထား ကြဖို့လိုပါတယ်။ ဘုရားဟောကလွဲ ရင် ထာဝရမှန်ကန်တယ်ဆိုတာ မရှိ နိုင်ပါဘူး။ တရားသေ ဆုပ်ကိုင်မိပြီ ဆိုရင် အဲဒီလူကို ပညာရှိပြီလို့ ဘယ် လိုမှပြောလို့ရမှာလည်း မဟုတ်တော့ ပါဘူး။ ပညာတွေ တတ်ကောင်း တတ်ကြပေမယ့် ပညာရှိအဖြစ်ကို အားလုံးက မရောက်နိုင်ကြသေး ဘူးဆိုတာ သတိထားဖို့ဖြစ်ပါတယ်။
နောက်slide တစ်ခုကတော့ ဒီမိုကရေစီစနစ်မှာ အခြေခံကျတဲ့ “Check and balance” ဆိုတဲ့ အပြန် အလှန်ထိန်းကျောင်းခြင်းကိစ်္စပဲ ဖြစ် ပါတယ်။
အာဏာရှင်စနစ်မှာ အာဏာ အရပ်ရပ်ကို တစ်နေရာထဲမှာ စု စည်းထားတယ်။အာဏာရှင်သဘော မရောက်အောင် ဒီမိုကရေစီမှာ အာဏာကို (၃) ရပ်အဖြစ် ဖြန့်ခွဲ ထားတယ်။Executive ဆိုတဲ့ အုပ် ချုပ်ရေး၊Legislation ဆိုတဲ့ ဥပဒေ ပြုရေးနဲ့Judiciaryဆိုတဲ့ တရား စီရင်ရေး (၃) ကဏ္ဍပဲဖြစ်ပါတယ်။ အဲဒီခက်မ (၃) ဖြာဟာ ရေညီမျဉ်း သဘောတန်းတူတွေဖြစ်ပြီး၊ ခက်မ တစ်ခုနဲ့တစ်ခု ““အပြန်ပြန်၊ အလှန် လှန်”” ထိန်းကျောင်းတဲ့ စနစ်ပါ။ သူများကို ကိုယ်က ထိန်းကျောင်းရ သလို၊ သူများရဲ့ ထိန်းကျောင်းခြင်း ကိုလည်း ကိုယ်ကပြန်ပြီး ခံယူရတဲ့ သဘောပါပဲ။သူများကို ထိန်းကျောင်း ပြီး၊ ကိုယ်ကထိန်းကျောင်းခြင်း မခံ ရင်ထိန်းချုပ်ခြင်း (Control) သဘော ရောက်သွားတယ်။ တစ်ပိုင်းအာဏာ ရှင် စပြီး ဖြစ်လာတာမျိုးပါ။ ထိန်း ကျောင်းရာကနေ ထိန်းချုပ်တဲ့ပုံစံ ဖြစ်လာရင်ခက်မ (၃) ဖြာဟာ ရေ ညီ (Horizontal Structure)ကနေ ထောင်လိုက်(Vertical Structure) ဖြစ်လာတတ်တယ်။ ထောင်လိုက် ဖြစ်ပြီဆိုတာနဲ့ “အပေါ်အောက်” သဘောဖြစ်သွားပြီး အာဏာရှင် လက်္ခဏာ ၀င်လာတော့တာပဲ။
မြန်မာနိုင်ငံရဲ့ ဒီနေ့ကျင့်သုံး နေတဲ့အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားရုံးများ အခြေအနေကို ဗဟု သုတရအောင်၊ လေ့လာနိုင်အောင် ဗဟုသုတပေးတဲ့သဘောဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: