MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၅၃ )

( ၁ ) Informal Training။  ပထမတစ်ခုကတော့ Informal Training ဖြစ်ပါတယ်။ အဲဒါကတော့ ဝန်ထမ်းတစ်ဦး နဲ့တစ်ဦးအကြား အပြန်အလှန်လေ့လာသင်ယူခြင်းကိုဆိုလိုတာပါ။ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာအလုပ်အ ကြောင်း လေ့လာသင်ယူရရှိမှုတော်တော်များများဟာ သင်တန်းတွေတက်ပြီးလုပ်တတ်ကြတာထက် လုပ်ငန်းခွင်ထဲ မှာပဲ ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အကြီးအကဲတွေဆီကနေတစ်ဆင့် လုပ်ရင်းကိုင်ရင်း မေးမြန်းသင်ယူလိုက်နာ လုပ်ဆောင်ရင်းနဲ့ပဲတတ်မြောက်သွားကြတာဖြစ်ပါတယ်။

( ၂ ) On the Job Training။    ကုမ္ပဏီအဖွဲ့အစည်းတွေမှာအတွေ့ရများတာကတော့ OJT လို့ခေါ်တဲ့ On Job Training ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့အဲဒီလိုနည်းနဲ့သင်ယူတာဟာ Flexible ဖြစ်သလို လက်တွေ့အလုပ်နဲ့ လဲ ပိုပြီးနီးစပ်လို့ပါ။ Informal Training နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ OJT အတွက်ကျွန်တော်တို့အများကြီး ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါလိမ့်မယ်။ သင်ကြားရေးကိုတာဝန်ယူမယ့် ကြီးကြပ်သူ၊ မန်နေဂျာဟာ ဝန်ထမ်းကိုသင် ကြားပြသပေးဖို့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။

          ဒါပေမယ့်လည်း OJT မှာပြဿနာလေးတွေရှိပါသေးတယ်။ Training ပြုလုပ်သင်ကြားပေးတဲ့သူကိုယ် တိုင်က သူ့သက်ဆိုင်ရာလုပ်ငန်းတွေကိုနားလည်တတ်ကျွမ်းပေမယ့် ဘယ်လိုသင်ပေးရမလဲဆိုတာမသိတာမျိုး ဖြစ် နိုင်သလိုပဲ သင်ပေးဖို့အချိန်မအားတာတွေ၊ Training ကိုတာဝန်ယူပေးဖို့စိတ်မပါတာမျိုးတွေလဲရှိနိုင်ပါတယ်။ အဲဒီ လိုအခြေအနေမျိုးမှာဆိုရင် သင်တန်းသားတွေဟာသူတို့ကိုယ်ကိုသူတို့ အားကိုးပြီးတော့သာသင်ယူကြရတာဖြစ် ပြီး ထိရောက်အကျိုးရှိတဲ့ Training တစ်ခုဖြစ်လာဖို့မလွယ်ကူပါဘူး။ နောက်ထပ်ပြဿနာတစ်ခုကတော့ လက်ရှိ လုပ်နေကြအလုပ်ကို အတားအဆီးဖြစ်စေတာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ Trainers ကနေပြီး Trainee ကို ချည်းပဲထားခဲ့ပြီး သင်ယူစေတဲ့အခါမှာ အကျိုးမရှိတဲ့ Training တစ်ခုဖြစ်သွားပါတယ်။ နောက်ပြီးတော့ ကြီးကြပ် သူမန်နေဂျာအချို့ရဲ့မကောင်းတဲ့အယူအဆတွေ၊ အလေ့အထတွေ၊ လုပ်နည်းကိုင်နည်းတွေကိုလဲသင်ပေးလိုက်သ လိုဖြစ်သွားတတ်ပါသေးတယ်။

          သေချာကြိုတင်ပြင်ဆင်ထားပြီးအကောင်အထည်ဖော်တဲ့ OJT ဆိုရင်တော့ဖြင့် ကောင်းမွန်တဲ့ Training တစ်ခုဖြစ်လာနိုင်ပါတယ်။ ပုံမှာပြထားသလိုမျိုး စနစ်တကျနဲ့အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်မယ် ဆို ရင်တော့ဖြင့် အင်မတန်ကောင်းမွန်တဲ့ OJT တစ်ခုဖြစ်လာမှာပါ။

Image

Cross  Training

Cross Training ဆိုတာကတော့ on-the-job training တစ်မျိုးပါ။ Cross Training မှာဆိုရင် ဝန်ထမ်း တွေကို သူတို့ရဲ့အလုပ်တွေအပြင် အခြားသူတွေရဲ့အလုပ်ကိုပါလုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးပါတယ်။ လုပ်ငန်းရှင်တွေအတွက်အားသာချက်ကတော့ Cross Training ပြုလုပ်ခြင်းအားဖြင့် Flexibility ရှိတာရယ်၊ ဝန် ထမ်းတွေရဲ့လုပ်ရည်ကိုင်ရည်တိုးတက်လာတာရယ်ပဲဖြစ်ပါတယ်။  လုပ်ငန်းရှင်တွေဘက်က လိုလားနှစ်သက်ကြတာ မှန်နေပေမယ့်  Cross Training ကို ဝန်ထမ်းအားလုံးကလိုလိုလားလားရှိကြမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆို တော့ ဒီလစာနဲ့ပဲ အလုပ်တွေပိုလုပ်ရတော့မယ်လို့ စဉ်းစားကြမှာမို့လို့ပါ။ အဲဒီအမြင်ကိုချေဖျက်နိုင်ဖို့အတွက် သင်တန်းပြီးဆုံးအောင်တက်ရောက်နိုင်တဲ့ ဝန်ထမ်းတွေကို ဘောနပ်စ်ပေးတာမျိုးစဉ်းစားသင့်ပါတယ်။ ဒါမှမဟုတ် ရင်လဲ ရာထူးတိုးတဲ့အခါ ဦးစားပေးနေရာကထားပြီးစဉ်းစားပေးမယ်စသဖြင့်ပေါ့။ တချို့ကုမ္ပဏီတွေကျပြန် တော့ လဲ အဲဒီလိုသင်တန်းတက်ရတာက အလေ့အထကြီးဖြစ်သွားပြီး ရာထူးတိုးဖို့၊ လစာတိုးဖို့ ၊ ခံစားခွင့်တိုးဖို့၊ ဘဝ တိုးတက်ဖို့အတွက် သင်တန်းတက်မှဖြစ်မယ်ဆိုတဲ့ Culture ဝင်သွားပြီး ဝန်ထမ်းတွေကိုယ်တိုင်က လိုလိုလားလား နဲ့ကို တက်ကြတာမျိုးတွေလဲရှိပါတယ်။ ရှားတော့ရှားပါတယ်။ Cross Training ပြုလုပ်တဲ့အခါမှာ မတူတဲ့အလုပ် တွေကိုလုပ်ရတာ ဖြစ်တဲ့အတွက် အလုပ်တွေကိုသေချာစနစ်တကျ အစီအစဉ်ချပြီးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ နောက်ပြီး  Training ကာလအတွင်းမှာ Productivity လဲ ကျသွားမှာဖြစ်ပါတယ်။  ခြုံပြောရမယ်ဆိုရင်တော့ Cross Training ဟာ လုပ်ငန်းရှင်အတွက်ရော၊ ဝန်ထမ်းအတွက်ပါ နှစ်ဦးနှစ်ဘက်ကောင်းတယ်လို့ပြောနိုင်ပါတယ်။

External Training

          External Training ဆိုတာကတော့ လုပ်ငန်းခွင်ပြင်ပမှာပြုလုပ်တဲ့ Training ကိုဆိုလိုပါတယ်။ ကုမ္ပဏီ အဖွဲ့အစည်းတွေ အသုံးအများဆုံး နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းကြီးတွေအနေနဲ့ ဝန်ထမ်း တွေကို Training ပြုလုပ်ပေးနိုင်တဲ့စွမ်းရည်မရှိတဲ့အခါ ဒါမှမဟုတ် ဝန်ထမ်းအများအပြားကိုမြန်မြန် Training ပြု လုပ်ပေးလိုတဲ့အခါမှာ ဒီနည်းလမ်းကိုသုံးလေ့ရှိပါတယ်။ ကုမ္ပဏီအဖွဲ့ အစည်းအဝေးတွေအနေနဲ့အတွက်လဲ  သူ တို့ရဲ့နည်းပါးတဲ့ HR ဝန်ထမ်းအရေအတွက်ကြောင့်ရယ်၊ မတူကွဲပြားတဲ့ Training တွေကိုပေးဖို့လိုအပ်တာ ကြောင့်ရယ် External Training ကိုအသုံးပြုကြရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းဘယ်လိုအရွယ်အစားပဲဖြစ်ဖြစ် အောက်ဖော်ပြပါအကြောင်းအချက်တွေကြောင့်လဲ External Training ကိုပြုလုပ်ကြပါတယ်။ အဲဒီ အချက်တွေက တော့

•        ကုမ္ပဏီအဖွဲ့အစည်းတွင်းမှာရရှိနိုင်တဲ့ရင်းမြစ်တွေဟာ ကန့်သတ်ချက်ရှိတဲ့အခါ ပြင်ပကသူတွေခေါ်ပြီးသုံး တာက ပိုပြီး ကုန်ကျစရိတ်သက်သာစေခြင်း

•        ကုမ္ပဏီအဖွဲ့အစည်းတွင်း Training အတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်မလုံလောက်ခြင်း

•        လက်ရှိ HR ဝန်ထမ်းတွေအနေနဲ့ Training ပေးဖို့လိုအပ်တဲ့ ဧရိယာတွေမှာ ကျွမ်းကျင်မှုအားနည်း ခြင်း

•        ပြင်ပမှာပဲ Training ပြုလုပ်တဲ့အခါ အခြားအခြားသော ကုမ္ပဏီအဖွဲ့အစည်းတွေက မန်နေဂျာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရတဲ့အတွက် မိမိ ကုမ္ပဏီအဖွဲ့အစည်းအတွက်အကျိုးများခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: