MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၅၅ )

ဆက်ပြီးကြည့်ကြရအောင်ပါ။

Classroom Instruction

                   ကျောင်းတွေမှာသင်ကြားတာဆိုရင်တော့ ကျွန်တော်တို့ဟာစာသင်ခန်းထဲမှာသင်တဲ့ပုံစံမျိုးနဲ့ သွားကြတာများပါတယ်။ အဲဒီလိုသင်ကြားပေးတာမျိုးဟာလည်း အတွေ့ရအများဆုံးဖြစ်ပါတယ်။ Classroom Instruction ဆိုရင် Trainer ကနေပြီးသင်တန်းသားတွေကို လက်ချာပေးပါတယ်။ အဲဒီလိုမျိုး လက်ချာပေးတဲ့အခါ မှာ Trainer က Presentation Slide တွေ၊ ဆွေးနွေးမှုတွေ၊ Case Studies တွေ၊ အမေးအဖြေပြုလုပ်တဲ့ နည်းလမ်း တွေနဲ့ Role Play တွေကိုအသုံးပြုလေ့ရှိပါတယ်။ သင်တန်းသားတွေရဲ့ တက်ကြွှစွာပါဝင်မှုကိုရရှိခဲ့မယ်ဆိုရင် သင် ယူနိုင်စွမ်းအားပိုကောင်းမှာဖြစ်ပါတယ်။ သင်တန်းရဲ့ရည်ရွယ်ချက်ဟာ တိတိကျကျသတ်မှတ်ထားတဲ့ အကြောင်း အရာတစ်ခုခုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို  တင်ပြရတာမျိုးဖြစ်ခဲ့မယ်ဆိုရင် Classroom Instruction ဟာ အချိန်ကုန်အသက်သာဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး နည်းလမ်းဖြစ်ပါတယ်။ တကယ်လို့သာ Trainer တွေဟာလက်ချာတွေကို အလုပ်နဲ့ဆက်စပ်တဲ့ဥပမာ၊ ဥပမေယျတွေနဲ့ တွဲဖက်ပြီးသင်ကြားမယ်၊ လက် တွေ့အသုံးချဆောင်ရွက်နိုင်မယ့်  အခွင့်အလမ်းတွေနဲ့ဆက်စပ်ခဲ့မယ်ဆိုရင် ပိုပြီးထိရောက်တဲ့လေ့ကျင့်သင် ကြားပေးမှု တစ်ခုဖြစ်လာမှာပါ။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ Classroom သင်ကြားနည်းဟာ တနေရာ တည်းမှာသင်ကြားတာကနေ ဆရာကတစ်နေရာ၊ သင်တန်းသားတွေကတစ်နေရာသင်ကြားနိုင်တဲ့အနေအထားကို ရောက်ရှိလာပါပြီ။ နေရာအနှံ့အပြားက သင်တန်းသားတွေဟာ အခြားတနေရာကဆရာသင်ကြားနေတဲ့ သင်ခန်း စာကို အွန်လိုင်းကနေတဆင့်သင်ယူပြီး ပါဝင်ဆွေးနွေးတာတွေ၊ မေးမြန်းတာတွေ၊ စာရွက်စာတမ်းတွေမျှဝေတာ တွေ ဆောင်ရွက်လို့ရနေပါပြီ။ ကျွန်တော်တို့ဆီမှာလဲ များမကြာမီ အကောင်အထည်ပေါ်လာတော့မှာပါ။ အသုံးချ နိုင်တဲ့နည်းပညာတွေကတော့ Video Conferencing, E-mail, Instant Messaging, Document Sharing Software and Website, Web-cam စတာတွေပဲဖြစ်ပါတယ်။ General Mills ဟာဆိုရင် လုပ်ငန်းခွင်မှာ သင်တန်း ခန်းမကြီးတွေထားရှိလို့အဆင်မပြေတဲ့အခါ  အဲဒီလို Virtual Classroom တွေကို ရုံးခွဲအသေးတွေမှာပါထားရှိပြီး လေ့ကျင့်သင်ကြားပေးတာမျိုး ဆောင်ရွက်ပါတယ်။ ဝန်ထမ်းတွေဟာ အွန်လိုင်းသင်တန်းတွေမှာ Sign up ပြုလုပ် ထားပြီး သက်ဆိုင်ရာထုတ်ကုန်တွေအကြောင်း၊ နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေအကြောင်း၊ လုပ်ငန်းတာဝန် တွေအကြောင်း ဥပမာ –စက်ပစ္စည်းတွေကို ဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းရမလဲ ဆိုတာမျိုးကအစ သင်ယူကြပါတယ်။

                   အဝေးသင်ပညာရေး ( Distance Learning ) ဟာ Class Room Training မှာရရှိနိုင်တဲ့ အကျိုး ကျေးဇူးတော်တော်များများကို Classroom ကိုသွားစရာမလိုပဲနဲ့ရရှိနိုင်ပါတယ်။ အဓိကအားနည်းချက်တစ်ခုက တော့ သင်တန်းဆရာ ( Trainer ) နဲ့ သင်တန်းသား ( Audience ) ကြားမှာ အပြန်အလှန်ပြောဆိုဆက်သွယ် ဆက်ဆံမှုမရှိသလောက်နည်းပါးတာပါ။ အဲဒီအားနည်းချက်ကိုကာမိစေဖို့အတွက် အဝေးသင်ပညာရေး ( Distance Learning ) မှာ သင်တန်းဆရာ ( Trainer ) နဲ့ သင်တန်းသား ( Audience ) ကြား ဆက်သွယ်နိုင်မယ့် Link တစ် ခု ဖန်တီးပေးထားဖို့လိုအပ်ပါတယ်။ Instructor ဒါမှမဟုတ် Facilitators တွေကိုယ်တိုင် သင်တန်းသားရှိရာကိုလာ ရောက်ပြီး လိုအပ်တဲ့ မေးမြန်းဖြေကြားမှုတွေ၊ သင့်တင့်လျောက်ပတ်တဲ့ အမေးအဖြေကဏ္ဍတွေစီစဉ်ပေးခြင်းအား ဖြင့်လည်း ဆောင်ရွက်နိုင်ပါတယ်။

Audiovisual Training

Presentation နည်းလမ်းတွေကိုအသုံးပြုခြင်းအားဖြင့်လည်း သင်တန်းသားကိုသင်တန်းခန်းမထဲ လာစရာ မလိုပဲသင်ကြားပေးလို့ရနိုင်ပါတယ်။ သင်တန်းသားတွေအနေနဲ့ သီးခြားစီလွတ်လပ်စွာအလုပ်လုပ်ပြီး  CD ဒါမှမ ဟုတ်  DVD  စတာတွေကတဆင့်လဲသင်ယူလို့ရနိုင်ပါတယ်။

Audiovisual နည်းလမ်းတွေဖြစ်တဲ့ Overhead Transparencies တွေ PowerPoint ဒါမှမ ဟုတ်အခြား သော Presentation Software တွေ ဒါမှမဟုတ်ရင်လဲ ဗီဒီယို၊ အော်ဒီယို Clip ကလေးတွေနဲ့လဲ Classroom Training ကိုအားဖြည့်လို့ရပါတယ်။ ယနေ့ခေတ်မီနည်းပညာတွေကို အသုံးပြုပြီးတော့လဲ PDAs, iPods ဒါမှမ ဟုတ် အခြားသော Portable Audio Players စတဲ့ Portable Devices  တွေနဲ့ဖွင့်ကြည့်နိုင်အောင် လုပ်ပေးလို့ လဲရပါတယ်။ ဗီဒီယိုဖွင့်ကြည့်လို့ရတဲ့ ပစ္စည်းလေးတွေ ပေါများလာတာနဲ့အမျှ ဗီဒီယိုဖိုင်လေးတွေကိုအသုံးပြုပြီး သင်ကြားရတာပိုပြီးလွယ်ကူလာပါတယ်။ Capital One လိုကုမ္ပဏီမျိုးမှာဆိုရင် သင်တန်းတက်ရမယ့်ဝန်ထမ်း အားလုံးကို IPods တွေပေးထားပါတယ်။ အဲဒီဝန်ထမ်းတွေအနေနဲ့ ခေါင်းဆောင်မှု၊ ပဋိပက္ခစီမံခန့်ခွဲခြင်း၊ ဖောက် သည်ဝန်ဆောင်မှုပေးခြင်းအစရှိတဲ့သင်ခန်းစာတွေကို အင်တာနက်ကနေ Download ဆွဲလို့ရပါတယ်။ လေ့ကျင့် သင်ကြားပေးဖို့အတွက် Podcast တွေ အသုံးပြုတဲ့အခါမှာကြုံတွေ့လာရနိုင်တဲ့ စိန်ခေါ်မှုတွေကတော့ သင်တန်း သားတွေအနေနဲ့ နည်းပညာတွေနဲ့အကျွမ်းတဝင်ရှိမှု၊ သင်တန်းသားအချင်းချင်းကြားမှာ ပူးပေါင်း ဆောင်ရွက်တတ် မှုလိုအပ်ခြင်း၊ လိုအပ်တဲ့သင်ခန်းစာတွေကိုအလွယ်တကူ Download ဆွဲနိုင်ရန်လိုအပ်ခြင်း စတာတွေပဲဖြစ်ပါ တယ်။

Audiovisual Training သုံးတဲ့သူတွေအနေနဲ့လဲ အသုံးပြုတဲ့ပစ္စည်းကိုလေ့လာပြီးသင်ခန်းစာတွေကို ပို ပြီးမြန်ဆန်စေတာ ဒါမှမဟုတ် နှေးကွေးစေတာစတာတွေလဲလုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဗီဒီယိုတွေပြသခြင်းအား ဖြင့် စာသင်ခန်း ( Classroom ) ထဲမှာအလွယ်တကူပြသဖို့ခက်ခဲတဲ့ အခြေအနေတွေ၊ စက်ကိရိယာတွေကို ပြသ နိုင်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ Trainer တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေကိုမူမတည်ပဲ သင်တန်းသားတွေကို တသမတ်တည်းဖြစ်တဲ့လေ့ကျင့်သင်ကြားပေးမှုကို ပေးစွမ်း နိုင်တာပါပဲ။ ဒီစနစ်မှာတွေ့ရနိုင်တဲ့ပြဿနာတစ်ခုကတော့ ဒီဗီဒီယိုတွေမှာလိုအပ်တာထက်ပိုများပြားတဲ့ ကိရိယာ တွေပြသထားတာမျိုးတွေ၊ သေချာစီစဉ်ရေးသားထားတာမဟုတ်တဲ့စကားပြောတွေနဲ့ ဖော်ပြရှင်းလင်းထားခြင်း၊ ဟာသတွေ၊ ဇာတ်လမ်းဇာတ်ကြောင်းတွေကို အများကြီးထည့်သွင်းထားခြင်းအားဖြင့် မူလရှင်းလင်းသင်ပြလိုတဲ့ အကြောင်းအရာပျောက်ကွယ်သွားစေခြင်းစတာတွေပဲဖြစ်ပါတယ်။ သေချာစနစ်တကျပြင်ဆင်ပြုစုထုတ်လုပ်ထား တဲ့  ဗီဒီယိုတွေအသုံးပြုခြင်းအားဖြင့်အဲဒီပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။

Computer-Based Training

ကုမ္ပဏီအဖွဲ့အစည်းအားလုံးအနေနဲ့ Classroom Training ကိုအသုံးများကြပေမယ့် နည်းပညာတွေ တိုး တက်လာပြီးကုန်ကျစရိတ်သက်သာလာတာနဲ့အမျှ အဲဒီနည်းပညာတွေကိုအကျိုးရှိအောင် အသုံးပြုလာကြပြီဖြစ်ပါ တယ်။ Computer-Based Training ကိုအသုံးပြုခြင်းအားဖြင့်သင်တန်းသားတွေအနေနဲ့ အင်တာနက် ဒါမှမဟုတ် CD-ROM တွေကတဆင့် သင်ခန်းစာတွေ၊ လမ်းညွှန်မှုတွေကိုလွယ်ကူစွာရရှိလာနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီနေရာ တွေ နည်းလမ်းတွေဟာ Interactive ဖြစ်တဲ့အတွက် သင်တန်းသားတွေဟာ မေးခွန်းတွေကိုဖြေဆိုခြင်း၊  သိရှိလာ တဲ့နည်းလမ်းတွေကိုစမ်းသပ်ခြင်းတွေ လုပ်ဆောင်လာနိုင်ပြီး သင်ခန်းစာကိုလည်း သင်တန်းသားရဲ့ဖြေဆိုမှုတွေ ကိုအခြေခံပြီး ပြုပြင်ညှိနှိုင်းမှုတွေ လုပ်လာနိုင်ပါတယ်။ အင်တာနက်ကတဆင့်သင်ကြားပေးခြင်းအားဖြင့် သင် တန်းသားတွေဟာလဲ အီးမေးလ်ကတဆင့် မေးခွန်းများမေးမြန်းခြင်း၊ Online Discussion မှာပါဝင်ခြင်းများ ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ ကွန်ပြူတာကိုထိထိရောက်ရောက်အသုံးပြုခြင်းအားဖြင့် သင်တန်းသားတွေ အ နေနဲ့ စာဖတ်နိုင်ရုံတင်မကပဲ အသံကြားရခြင်း၊ ပုံများကိုပါမြင်တွေ့ရခြင်း၊ ဗီဒီယိုများကြည့်ရှုနိုင်ခြင်း များကိုပါပြု လုပ်လာနိုင်မှာဖြစ်ပါတယ်။ Computer- Based Training ဟာ သင်တန်းဆရာခေါ်ပြီး သင်တန်းခန်းမထဲမှာ သင်ကြားစေခြင်းထက်တော့ ကုန်ကျစရိတ်ပိုပြီးသက်သာစေပါတယ်။

ကုန်ကျစရိတ်သက်သာစေတဲ့အတွက် ကုမ္ပဏီအတွက်လဲ သင်တန်းစီစဉ်ပေးရတာပိုပြီးလွယ်ကူသလိုပဲ လုပ်ငန်းခွင်လိုအပ်ချက်နဲ့လဲ အနီးစပ်ဆုံးကိုက်ညီစေပါတယ်။ သင်တန်းသားတွေအနေနဲ့လဲပိုပြီးမှတ်မိဖို့လွယ်ကူ စေပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: