MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၅၆ )

E-Learning: on-Line Training

          E-Learning: ဆိုတာကတော့ အင်တာနက် ဒါမှမဟုတ်ရင် ကုမ္ပဏီအတွင်းမှာရှိတဲ့ အင်ထရာနက်ကို အ သုံးပြုပြီးလေ့ကျင့်သင်ကြားပေးတာပါ။ E-Learning: ဆိုရင်တဖြည်းဖြည်းနဲ့အသုံးများလာပါပြီ။ တချို့ကုမ္ပဏီ တွေဆိုရင် E -Learning လုပ်နိုင်ဖို့အတွက်အစပျိုးတဲ့အနေနဲ့ ကုမ္ပဏီတွင်းမှာ E -Library လိုဟာမျိုးတွေ ထားလာ

ကြပါပြီ။ သူ့ရဲ့အကျိုးကျေးဇူးတွေကတော့ ကုန်ကျစရိတ်သက်သာတာရယ်၊ တချိန်တည်းမှာ ဝန်ထမ်းအများအ ပြားကို လေ့ကျင့်သင်ယူနိုင်စွမ်းရှိစေတာရယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဆီ မှာတော့ E-Learning ကိုတကယ် အကောင်အထည်ဖော်ဖို့အချိန်ယူရဦးမှာပါ။ နောင်ဆိုရင် E -Learning ဟာအသုံးအများဆုံး သင်ယူရေးနည်းလမ်း ဖြစ်လာတော့မှာပါ။ တခုရှိတာက E -Learning ဟာလူကြီး ပိုင်းတွေထက် လူငယ်ပိုင်းတွေအတွက်ပိုပြီး ထိရောက် နိုင်တာပါ။ ဘာလို့လဲဆိုတော့ လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး နည်းပညာအသစ်တွေနဲ့ အကျွမ်းတဝင်ရှိ တာရယ်၊ ဘာသာစကားပိုမိုကျွမ်းကျင်တာ ကြောင့် ရယ်ဖြစ်ပါတယ်။

Distance Training / Learning

နောက်တခုကတော့ အခုနောက်ပိုင်းမှာနိုင်ငံတကာက တက္ကသိုလ်တွေအနေနဲ့အင်တာနက်ကို အခြေခံ တဲ့ သင်ခန်းစာပို့ချမှုတွေကိုအသုံးပြုလာကြပါတယ်။ တချို့ကျတော့လဲ သင်ခန်းစာတွေကို ဗီဒီယိုရိုက်ထားပြီး ပြန် လည်ဖြန့်ဝေပေးတဲ့ပုံစံမျိုးနဲ့ဆောင်ရွက်ကြတာတွေရှိပါတယ်။ ဥပမာ –ကျွန်တော်တို့ဆီက အဝေးသင်တက္ကသိုလ် မှာဆိုရင်  ဆရာတွေစာသင်တာကိုဗီဒီယိုရိုက်ပြီး ကျောင်းသားတွေကို သင်ခန်းစာဗီစီဒီတွေဖြန့်ဝေတာမျိုးပေါ့။ သေ ချာစီစဉ်ထားတဲ့အစီအစဉ်တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင် နေရာအနှံ့အပြားမှာရှိတဲ့ သင်တန်းသားတွေကို သင်ကြား ပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

Simulations and Training

Simulations ဆိုတာကတော့ တကယ့်လက်တွေ့ဘဝမှာ၊ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံဆုံရမယ့် အခြေအနေမျိုး၊ တကယ်အသုံးပြုဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်မျိုး၊ ပစ္စည်းကိရိယာမျိုးကို ဖန်တီးစီစဉ်    အသုံး ပြုနိုင်အောင်ဆောင်ရွက်ပြီးလေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ ဥပမာ – လေကြောင်းလိုင်း တွေမှာ ပိုင်းလော့ တွေကို သင်ကြားပေးတဲ့အခါ၊ ရေယာဉ်မှူးတွေကိုသင်ကြားပေးတဲ့အခါမှာ တကယ့်လေယာဉ်၊ ရေယာဉ်နဲ့ထပ်တူ ဖြစ်အောင်တည်ဆောက်ထားတဲ့ သင်တန်းခန်းထဲမှာတကယ့်ပြင်ပမှာ ကြုံဆုံရမယ့်အနေအထားမျိုး ဖန်တီးပြီး လေ့ကျင့်သင်ကြားပေးတာမျိုးဖြစ်ပါတယ်။

Simulators တစ်ခုအနေနဲ့ သင်တန်းသားတစ်ယောက်အနေနဲ့ တကယ့်လုပ်ငန်းခွင်မှာကြုံဆုံရမယ့် အ နေအထားအတိုင်း ထပ်တူညီအောင်ဆောင်ရွက်ထားရတာဖြစ်တဲ့အတွက် Simulators တွေဟာ တည်ဆောက်ဖို့ ကုန်ကျစရိတ် အလွန်များပြားပြီး လုပ်ငန်းခွင်အခြေအနေတွေ     ပြောင်းသွားတိုင်း လိုက်လံပြောင်းလဲနေနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ – လေယာဉ်မောင်းသင်တန်းကျောင်း ဆိုပါစို့။ လက်ရှိ Simulator က  Airbus A 319  အ တွက်ပုံစံထုတ်ထားပြီး တကယ့်လက်တွေ့မှာ Airbus A 320 တွေ၊ A 380 တွေပေါ်လာပြီဆိုရင် လိုက်ပြီး Update လုပ်ပေးဖို့လိုအပ်ပါတယ်။ အခုအချိန်ထိကတော့ လုပ်ငန်းခွင်အမှားအယွင်းတွေကိုရှောင်ရှားနိုင်ဖို့၊ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့အတွက်ကတော့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။  သင်တန်း သားတွေအနေနဲ့ Simulator ကိုအသုံးပြုတဲ့အချိန်မှာ On Job Training ဆင်းသလိုမျိုး ဆုံးဖြတ်ချက်မှားသွားမှာ ကိုစိုးရိမ်စရာမလိုပါဘူး။ သင်တန်းသားတွေအနေနဲ့လဲ လျင်မြန်စွာသင်ယူနိုင်စွမ်းကိုလဲရရှိစေပါတယ်။ နောက်ပြီး သင်ယူရရှိလာမယ့်သင်ခန်းစာတွေကလဲ လက်တွေ့လုပ်ငန်းခွင်အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ တကယ်လို့သာ Simulator တည်ဆောက်တဲ့ ကုန်ကျစရိတ်သာ တဖြည်းဖြည်းလျော့ကျလာခဲ့မယ်ဆိုရင် အသုံး အလွန်များလာမယ့် လေ့ကျင့်သင်ကြားပေးရေး နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

Simulators တစ်ခုကိုအွန်လိုင်းကနေသာ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် သင်တန်းသားတွေအနေ နဲ့ Avatar တွေဖန်တီးပြီး လုပ်ငန်းခွင်ထဲမှာကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ Stapoil လို့ခေါ်တဲ့ နော်ဝေရေနံ ကုမ္ပဏီ တစ်ခုဆိုရင် အွန်လိုင်းက Second Life မှာ ရေနံတွင်းတူးစင်တစ်ခု တည်ဆောက်ပြီး သင်တန်းသားတွေရဲ့ Avatar ကနေလှည့်ပတ်ကြည့်ရှုနိုင်အောင် စီစဉ်ထားတာမျိုးရှိပါတယ်။

Virtual Reality

Virtual Reality ဆိုတာကတော့ ကွန်ပြူတာကိုအခြေခံတဲ့နည်းပညာတစ်ခုဖြစ်ပြီး အပြန် အလှန် တက်ကြွှစွာပါဝင်နိုင်တဲ့၊ ၃ ဘက်မြင် သင်ယူမှုအတွေ့အကြုံမျိုးကိုရရှိစေနိုင်ပါတယ်။ သီးသန့်ထုတ်လုပ်ထားတဲ့ ကိရိယာတွေအသုံးပြုတဲ့အခါ ဒါမှမဟုတ် ကွန်ပြူတာဖန်သားမျက်နှာပြင်ပေါ်မှာ ပုံရိပ်ယောင်ပုံစံကို တွေ့ရတဲ့အခါ မှာ  သင်တန်းသားတွေဟာ အဲဒီနေရာကိုတကယ်ရောက်သွားတယ်လို့ ခံစားရစေပြီး ပြန်လည်တုန့်ပြန်မှုလုပ်နိုင်ပါ မယ်။

သတင်းအချက်အလက်နည်းပညာဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကြောက်ခမန်းလိလိ တိုးတက် လာတဲ့အတွက် လူသားတွေရဲ့အလုပ်လုပ်တဲ့ပုံစံတွေ၊ လေ့ကျင့်သင်ကြားပေးတဲ့ပုံစံတွေ ပြောင်းလဲသွားပါတယ်။ အခုအချိန်မှာဆိုရင် Multimedia နည်းပညာတွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်ပါတယ်။ အလုပ်နဲ့ သင်ယူမှုဟာ တဖြည်းဖြည်းနဲ့ပိုပြီးပေါင်းစည်းလာတာနဲ့အမျှ နည်းပညာကိုအသုံးချပြီး အနာဂတ်မှာဆိုရင် ဝန်ထမ်း တွေအတွက် သင်ယူမှုနဲ့အလုပ်နဲ့ကိုပိုပြီး ပေါင်းစပ်လာနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီလိုပေါင်းစည်းလာနိုင်တာနဲ့ အမျှ ဝန်ထမ်းတွေအတွက် နည်းပညာကိုသင်ယူဖို့ သက်သက်ပေးရတဲ့အချိန်နည်းပါးလာမှာဖြစ်ပြီး သင်ယူချင်တဲ့ အကြောင်းအရာကိုပိုပြီး သင်ယူလာနိုင်မှာ ဖြစ်ပါတယ်။

Blended Learning

E – Learning တစ်ခုတည်းဟာတော့ Training အတွက်ရွေးချယ်စရာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန် တော်တို့ဟာ Blended Learning လို့ခေါ်တဲ့ တိုတောင်းပြီး၊ သတ်မှတ်အချိန်တစ်ခု အတွင်းမှာပြီးစီးအောင် စီမံ ထားတဲ့၊ ကွန်ပြူတာကိုအခြေခံပြီး နှစ်ဦးနှစ်ဘက်တက်ကြွစွာပါဝင်တဲ့ ကွန်ပြူတာသင်ခန်းစာတွေ၊  Teleconferencing နဲ့အတူ သမားရိုးကျ ကျောင်းစာသင်ခန်းထဲမှာသင်ယူတာတွေ၊ Simulation Training တွေကို ပူးပေါင်းအသုံးပြုသင့်ပါတယ်။ ဘယ်လို Training မျိုးကိုသုံးမလဲ ဆုံးဖြတ်တာ မှန်ကန်ဖို့အရေးကြီးသလိုပဲ ဘယ်လို သင်ကြားမှုကြားခံ Medium ကိုသုံးမလဲဆိုတာလဲ အရေးကြီးပါတယ်။

Blended Learning

Blended Learning မှာဆိုရင် အခြေခံအသိပညာတွေကိုလေ့လာဖို့အတွက် E -Learning ကိုသုံးသလို ကျွမ်းကျင်မှုတွေရရှိဖို့အတွက်အင်တာနက်ကိုအခြေခံတဲ့ Virtual Classroom ကိုသုံးသင့်ပါတယ်။ နောက်ပြီး သမားရိုးကျနည်းလမ်းဖြစ်တဲ့စာသင်ခန်းထဲမှာ သင်တန်းဆရာတွေကသင်ကြားပေးတဲ့ သင်ခန်းစာတွေလဲပါဝင် သင့်ပါတယ်။

E – Learning ၏ကောင်းကျိုးဆိုးပြစ်များ

E – Learning ဟာတဖြည်းဖြည်းနဲ့အသုံးများလာတဲ့နည်းလမ်းတစ်ခုဖြစ်ပေမယ့် အခြားနည်းလမ်း  တွေ လိုပဲ အကျိုးနဲ့အပြစ်တွေ တွဲနေတာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ E – Learning ကိုသင်ယူဖို့အတွက် အ ခက်အခဲတွေ၊ သင်ယူလိုစိတ်တွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်သလိုပဲ သင်ယူလိုက်တဲ့ သင်ခန်းစာတွေကိုလျင် မြန်စွာသင်ယူပြီးသွားနိုင်ပေမယ့် သင်ယူခဲ့တဲ့အရာတွေကိုဘယ်လောက်ကြာကြာထိများ မှတ်မိသိရှိနိုင်စွမ်းရှိမလဲ ဆိုတာကတော့စဉ်းစားစရာပါ။ Training Budget ကိုလျှော့ချဖို့အတွက် ရှိပြီးသား Training Material တွေကို သုံးမယ်၊ ပြီးအင်တာနက်ပေါ်ကိုတင်မယ်ဆိုရင်တော့အဲဒီ E – Learning ဟာ အောင်မြင်မှာမဟုတ်ပါဘူး။ စဉ်းစား စရာတစ်ခုက အဲဒီ Training Materials ဟာ အွန်လိုင်းမှာသမားရိုးကျ နည်းလမ်းလိုပဲသင်ယူလို့ရနိုင်မှာလား ဆို တာဖြစ်ပါတယ်။

                   အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ E – Learning ဟာနောက်ဆုံးပေါ် Training နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ကိုအသုံးပြုတဲ့အခါမှာအခက်ခဲဆုံးက လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေတဲ့နည်းပညာကို အ မှီလိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး ဘယ်အချိန်မှာဘယ်လောက်များများ E – Learning အတွက်ရင်းနှီးမြှုပ်နှံ သင့်သလဲ၊ E – Courses တွေကိုဘယ်လိုမျိုး  ဒီဇိုင်းပြုလုပ်သင့်သလဲဆိုတာကိုပါသိဖို့လိုအပ်ပါတယ်။ သေချာပြော နိုင်တာတစ်ခုကတော့ E – Learning ဟာ HR နဲ့ Training နယ်ပယ်မှာအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာ တော့မှာဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့်  အောင်မြင်တဲ့ E – Learning Program တစ်ခုရရှိဖို့အတွက် လွယ်လွယ် တော့ဖြစ်နိုင်မှာမဟုတ်ဖူးဆိုတာ သိထားရပါမယ်။ ပုံမှာဆိုရင် E – Learning ရဲ့ ကောင်းကျိုး (Advantages) နဲ့ ဆိုးပြစ်  (Disadvantages ) တွေကိုဖော်ပြထားပါတယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: