MMiN

MYANMAR MANAGEMENT & INSPIRATIONAL NETWORK

Author Archive: minkhaung77

ဖေဖေ

တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်… ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ… “ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…” အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ… ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး… ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်… နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်… စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်… တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်… တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်… ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ… “ဖေဖေ …

Continue reading

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆၆ )

Management succession planning           Management Succession Planning ဆိုတာအခြေခံအကျဆုံးမေးခွန်းတွေကိုဖြေဆိုနိုင်ဖို့ အတွက် အဖွဲ့ အစည်းအတွင်းမှာရှိတဲ့ အရည်အသွေးရှိတဲ့ Talent တွေကို Assessing နဲ့ Auditing လုပ်တဲ့လုပ်ငန်းစဉ်ပဲ ဖြစ်ပါ တယ်။ အဲဒီလုပ်ငန်းစဉ်ရဲ့ပထမဆင့်ကတော့ အဖွဲ့အစည်းအတွင်းမှာ လုံလောက်တဲ့ဆက်ခံသူ ( Successors ) တွေရှိရဲ့လားဆန်းစစ်ဖို့ပါ။ ဆိုလိုတာက ရေရှည်မှာ အဓိကကျတဲ့ရာထူးတာဝန်နေရာတွေကို တာဝန်ယူနိုင်တဲ့သူ တွေ အလုံအလောက်ရှိရဲ့လားကိုပြောချင်တာပါ။ ဒုတိယအဆင့်အနေနဲ့သူတို့ဟာတကယ့်ကိုကောထိုက်တန်တဲ့အရည်အချင်းရှိတဲ့သူတွေဟုတ်ရဲ့လား။ တတိယအဆင့်အနေနဲ့ သူတို့ဟာအနာဂတ်မှာလိုအပ်လာတဲ့ကျွမ်းကျင်မှုတွေ၊ Competency တွေရှိရဲ့လားဆို တာပါ။ အဲဒီ အလားအလာရှိတဲ့ဆက်ခံသူလောင်းလျာ ( Successors ) တွေကို သူတို့တွေရဲ့ ရာထူးတာဝန်တိုး တက်မှုလမ်းကြောင်းအဆင့်ဆင့်မှာ ( က ) တဆင့်မြင့်ရာထူး ( ဥပမာ လက်ထောက်မန်နေဂျာမှ …

Continue reading

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆၅)

Talent Management မဟာဗျူဟာတစ်ခု ဖော်ထုတ်ခြင်း Talent Management မဟာဗျူဟာတစ်ခုတွင် ဖော်ပြခဲ့ပြီးဖြစ်သောလုပ်ငန်းစဉ်များနှင့် လုပ်ငန်းစဉ် တစ်ခု လုံး၏ဦးတည်ချက်တို့ တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ချိတ်ဆက်သွားအောင်လုပ်ဆောင်သွားမည် ကိုရှုမြင်သုံးသပ် ချက်များပါဝင်ရမည်ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံး၏ဦးတည်ချက်တွင် အပြန်အလှန်ဆက်နွယ်လျက်ရှိသော မူဝါ ဒနှင့်လုပ်ထုံးလုပ်နည်းများကိုအသုံးပြုပြီး Talent ရှိသောဝန်ထမ်းများ အားလိုအပ်သည့်အချိန်တွင်ရရှိနိုင်အောင် အတွက်မည်သို့ ရှာဖွေသွားမည် သို့တည်းမဟုတ်ပျိုးထောင်သွားမည်တို့ပါဝင်သည်။ ယင်းမဟာဗျူဟာတွင် အောက်ဖော်ပြပါဦးတည်ချက်တို့ကိုထည့်သွင်းစဉ်းစားပြီးဖြစ်ရမည် – Talent Management ၏ဦးတည်ချက်များ ( ၁ )   Talent Management အစီအစဉ်တွင်မည်သူတို့ပါဝင်သင့်ကိုဆုံးဖြတ်ခြင်း ( ၂ )   ကျွမ်းကျင်မှု ( Skills ) နှင့်အလားအလာ ( Potential ) စံနှုန်းများကိုအခြေခံပြီး Talent ၏အဓိပ္ပါယ် သတ်မှတ်ခြင်း ( …

Continue reading

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆၄)

The Resourcing Strategy Business Plan ကနေ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကိုဖော်ထုတ်ပြီး ဌာနတွင်းလူ့စွမ်းအားအရင်း အမြစ်စီမံချက်ရေးဆွဲခြင်း (Human Resources Planning  ) အတွက်အခြေခံအချက်အလက်တွေကိုရရှိစေကာ  အဖွဲ့အစည်းအတွင်း လူ့စွမ်းအားရင်းမြစ် စုဆောင်းခြင်းအစီအစဉ် ( အဖွဲ့အစည်းအတွင်း အရည်အသွေးရှိသူများ ဖော်ထုတ်ဖွံ့ဖြိုးစေခြင်းနဲ့တိုးတက်စေခြင်းအတွက် လိုအပ်တဲ့ ဝန်ထမ်းများဆွဲဆောင်ခြင်း ( Attraction ) နဲ့ ဝန် ထမ်းထိန်းသိမ်းခြင်း ( Retention ) ဆိုင်ရာ မူဝါဒများဆီသို့ဦးတည်စေနိုင်မှာဖြစ်ပါတယ်။ Attraction and Retention Policies and Programs ဆိုခဲ့ပါ ဝန်ထမ်းများဆွဲဆောင်ခြင်း ( Attraction ) နဲ့ ဝန်ထမ်းထိန်းသိမ်းခြင်း ( Retention ) ဆိုင်ရာမူဝါဒ များမှာ အဖွဲ့အစည်းအတွက်လိုအပ်တဲ့ အရည်အသွေးရှိဝန်ထမ်းများ ( …

Continue reading

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆၃)

Talent Management Information System Talent Management Information System ရဲ့အဓိကအကျဆုံးအချက်ကတော့ အင်တာနက်ကိုအခြေ ခံတဲ့ ကွန်ပြူတာဆော့ဖ်ဝဲတွေဖြစ်ပါတယ်။ ဆော့ဝဲထုတ်လုပ်သူတွေအနေနဲ့ Talent Management ရဲ့ အပိုင်း ကဏ္ဍအမျိုးမျိုးအတွက်  အသုံးချနိုင်ဖို့ရာထုတ်လုပ်ကြပါတယ်။ ဥပမာအားဖြင့်  – Training ကို Tracking ပြုလုပ် ဖို့၊    Succession Planning အတွက် Chart တွေရေးဆွဲဖို့၊ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းဆိုတဲ့ Performance Appraisal ကို အွန်လိုင်းကနေပြုလုပ်နိုင်ဖို့စသဖြင့်ပါ။   ဒါပေမယ့်အဲဒီစနစ်အားလုံးဟာသီးခြားစီသုံးစွဲတာထက် ပေါင်းစပ်အသုံးပြုတာကပိုပြီးကောင်းပါတယ်။  Scope of Talent Management Talent Management ပေါ်ပေါက်လာပြီးချိန်မှစတင်ပြီး နည်းလမ်းများစွာပေါ်ပေါက်လာခဲ့သည်။ ယင်းနည်း လမ်းများစွာကိုကြည့်ခြင်းအားဖြင့်  Talent Management နှင့်စပ်လျဉ်းအားမည်သို့ရှုမြင် သုံး သပ်သည်ဆိုခြင်း နှင့် အဖွဲ့အစည်း၏ဦးတည်ချက်လားရာများကိုသိနိုင်သည်။ …

Continue reading

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၆၂ )

အဲဒါတွေကတော့ ( ၁ ) Post-Measure – Training တစ်ခုဘယ်လောက်ထိရောက်သလဲဆိုတာ တိုင်းတာဖို့အတွက် အကောင်းဆုံး လို့ပြောလို့ရတဲ့နည်းလမ်းတစ်ခုကတော့ Training တစ်ခုပြီးသွားတဲ့အခါကျမှ စီမံခန့်ခွဲသူများဖြစ်စေချင်တဲ့၊ လို လားတဲ့ပုံစံအတိုင်း ဖြစ် / မဖြစ်ကိုဆုံးဖြတ်တာဖြစ်ပါတယ်။ ဥပမာ တစ်ခုလောက်စဉ်းစားကြည့်ရအောင် – မန်နေ ဂျာတစ်ယောက်ရဲ့လက်အောက်မှာ ကွန်ပြူတာစာရင်းရေးသွင်းမှုကိုပိုမိုမြန်ဆန်ကျွမ်းကျင်မှုရှိဖို့လိုအပ်နေတဲ့ ဝန် ထမ်းအယောက် ( ၂ဝ ) ရှိတယ်ဆိုပါစို့။ တစ်ရက်တာကြာမြင့်တဲ့ လေ့ကျင့်သင်ကြားပေးမှု ( Training ) တွေပြု လုပ်ပြီးတဲ့အခါမှာ သူတို့ရဲ့ ပိုမိုမြန်ဆန်လာမှုကို စမ်းသပ်စစ်ဆေးလိုက်ပါတယ်။ အဲဒီဝန်ထမ်းအားလုံးဟာ သင် တန်းပြီးလို့အဲဒီလိုမျိုးစစ်ဆေးလိုက်တဲ့အခါ အရင်ကထက်ပိုပြီးမြန်ဆန်လာတယ်ဆိုရင် ပေးလိုက်တဲ့ Training ဟာ အကျိုးရှိတယ်လို့ပြောနိုင်ပါသလား။ ခက်ပါတယ် ။ တကယ်တော့ သူတို့ဟာနဂိုကတည်းကိုက အဲဒီလို မျိုး …

Continue reading

၉၉ ပုံပြင်

တခါတုံးက အလွန်ကြွယ်ဝချမ်းသာပြည့်စုံစွာ နေနေရပေမဲ့ ဘယ်တော့မှ ရောင့်ရဲခြင်းမရှိတဲ့ ဘုရင်တပါးရှိတယ်။ တနေ့တော့ သူဟာ သူ့နန်းတော်အတွင်း လှည့်လည်ကြည့်ရှုနေတုံး သီချင်းလေးတအေးအေးနဲ့ ပျော်ရွှင်စွာ အလုပ်လုပ်နေတဲ့ သူ့ရဲ့အမှုထမ်း တစ်ယောက်ကို သွားတွေ့တော့ အဲ့ဒီမြင်ကွင်းက သူ့ကို အလွန်စိတ်ဝင်စားစေတယ်။ အဲ့ဒါနဲ့ သူလဲ အဲ့ဒီသူအနားကို သွားပြီး “ဘာလို့ အဲ့လောက်တောင်များ စိတ်အေးလက်အေး ပျော်ရွှင်နေနိုင်သလဲ” လို့ မေးသတဲ့ ။ အဲ့ဒီတော့ အမှုထမ်းက “အရှင် .. ကျွန်တော်မျိုးက သခင့်အမှုထမ်းပါ။ ဘာမှ ထူးထူးခြားခြားလူတစ်ယောက် မဟုတ်ပါဘူး ။ ကျွန်တော်မျိုးနဲ့ ကျွန်တော့်မိသားစုအတွက် အများကြီးမလိုပါဘူး။ အမိုးအကာလုံခြုံတဲ့နေရာလေးတစ်ခုနဲ့ အစာအိမ်ကို ဖြည့်တင်းပေမဲ့ လုံလောက်တဲ့ အစားအစာတွေရှိနေရင် ပြည့်စုံပါတယ်” တဲ့ ။ ဘုရင်ဟာ အမှုထမ်းရဲ့စကားကို အကျေနပ်ကြီးမဟုတ်တော့ သူ့ရဲ့အတိုင်ပင်ခံအမတ်ကို …

Continue reading

ကောင်းလိုက်တဲ့ပညာရေး

ကျွန်တော့် မိတ်ဆွေက သူ့သားကို ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ထားတယ်။ အဲဒီကျောင်းက လူတိုင်းပါးစပ်ဖျားက ကြယ်ပွင့်ငါးပွင့်ရ နာမည်ကြီးကျောင်းပေါ့။ ကျောင်းလခဈေးကြီးလို့ ဘုရားတ,ရတဲ့ကျောင်း။ ကျွန်တော့်မိတ်ဆွေက စီးပွားရေးအသေးစားနဲ့ အသက်မွေးဝမ်းကျောင်းသူမို့ ဒီလောက်ကျောင်းလခများတဲ့ကျောင်းမှာ ဘာဖြစ်လို့ သားကို ထားရသလဲလို့ ကျွန်တော်ကမေးတော့ “ကလေးရဲ့ရှေ့ရေးအတွက်ပါ… ကောင်းတဲ့ပညာရေးအတွက် ကျွန်တော်တို့ကုန်ကျရတာ တန်ပါတယ်”လို့ သူကပြောတယ်။ ဒါပေမယ့် အခုတစ်လော ကလေးနဲ့အတူ သချာင်္အိမ်စာတစ်ပုဒ်ကို သူကူလုပ်ရင်း စိတ်တိုဒေါသထွက်ပြီး ကျောင်းက ဆရာမကိုသွားရှာ ဆွေးနွေးခဲ့တယ်။ သချာင်္ပုစ္ဆာက အကြမ်းအားဖြင့် ဒီလိုပါ…. တောင်ပြိုတာနဲ့ကြုံတော့ တောင်တက်သမား A ကို B နဲ့ C က ကယ်တင်လိုက်တယ်။ B မှာ ပေါင်မုန့် ၄ချပ်ရှိတယ်။ C မှာ ပေါင်မုန့်၅ချပ်ရှိတယ်။ ဗိုက်ဆာတော့ ဒီပေါင်မုန့်ကို သူတို့သုံးယောက် …

Continue reading

ပုလဲလိုလူ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။ “သမီး… မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။ ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့အာဟာရတစ်ချို့နဲ့ သဲကို ထုပ်လိုက်တယ်။ အထုပ်ခံရတဲ့သဲကို ကိုယ့်အသွေးအသား၊ ကိုယ့်အရည်တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေးအသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာကောင်တွေဟာ သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာနေကြတော့တယ်” ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့သတ္တဝါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလည်း နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တဝါကတောင် ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျော်အောင်နေထိုင်တတ်တယ်။ …

Continue reading

အဝေးဆုံး အကွာအဝေးဆိုတာ

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ ရှင်ခြင်းနဲ့သေခြင်း မဟုတ်ဘူး။ နင့်ဘေးမှာ ငါရှိရက်နဲ့ ငါချစ်တာကို နင်မသိတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ နင့်ဘေးမှာ ငါရှိရက်နဲ့ ငါချစ်တာကိုနင်မသိတာ မဟုတ်ဘူး။ နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူမနေကြရတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ နှစ်ယောက်စလုံး ချစ်ရက်နဲ့အတူမနေကြရတာ မဟုတ်ဘူး။ ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာပါပဲ။ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။ အေးစက်တဲ့အသည်းနှလုံးနဲ့ ကိုယ့်ကို ချစ်တဲ့လူကို ဥပေက္ခာပြုလိုက်တာပါပဲ။ (တဂိုး)

Continue reading